BTF(V)

489 6 0
                                    

‌ဟယ်လို မီနာစံ~
ဘောလီဘောအကြောင်းလေး ရှင်းပြချင်လို့ပါ။
ဝတ္ထုတစ်ခုလုံးအတွက် အရမ်းအရေးပါတဲ့ အပိုင်းအစမဟုတ်ပေမဲ့ သိထားစေချင်လို့ပါ...။

ဘာလို့ဆို သာသာက haikyuu big fanကြီးလေ!!
ငါးခေါက်ကျော်ကြည့်ခဲ့ပြီးတာတောင်မှ ကြည့်လို့မ‌ဝသေးဘူး(⁠;⁠^⁠ω⁠^⁠)

ဘောလီဘောဆိုတာက တစ်ဖွဲ့ကို လူခြောက်ယောက်ကွင်းထဲမှာ ရှိပြီး ဘောလုံးကို ကွင်းစည်းထဲ မကျအောင် ကာကွယ်လိုက်၊ ရန်သူဘက်ကို ရိုက်ချလိုက် ကစားရတဲ့အားကစားတစ်မျိုးပါ။

အဖွဲ့တစ်ခုမှာ setter, receiver, back spiker or server , left and right wing spiker နှစ်ယောက်နဲ့ middle blockerတို့ ပါဝင်ကြပါတယ်။

Setterဆိုတာက ကွင်းတစ်ခုလုံးရဲ့ ထိန်းချုပ်မှုစင်တာဖြစ်ပါတယ်။ သူက ဘောလုံးကို ရန်သူဘက်ရိုက်ထုတ်မဲ့ wing spikerတွေအတွက် တစ်ဖက်ရန်သူ blockerမရှိမဲ့နေရာကို စဉ်းစားပြီး ဘောလုံးကို ရိုက်ရအဆင်ပြေအောင် လေပေါ် ထောင်‌ပစ်ပေးရသည့်အပြင် dumpလို့ ‌ခေါ်တဲ့ အကွက်နဲ့ အလယ်ပိုက်တန်းကို ကျော်ပြီး ရန်သူဘက်ကို မသိမသာ ဘောလုံးထိုးချပေးတတ်တဲ့ သူလည်းဖြစ်ပါတယ်။ သူက အဖွဲ့တစ်ခုလုံးအတွက် ထွက်ပေါက်ကို ရှာပေးရတဲ့အပြင် ရန်သူကို ဝင်မလာနိုင်အောင်လည်း ပိတ်ဆို့ဖို့ ဖိအားပေးရပါတယ်။
(Our king! Kageyama!!! Yoyo!! Nope! Kenma!!! Ah!! Mama suga !!!! I love all of you!! )

Left and right wing spiker ဆိုတာကတော့ နာမည်အတိုင်းပဲ ဘောလုံးကို အားပြင်းပြင်းနဲ့ရိုက်ချရတဲ့ ကစားသမားတွေပဲဖြစ်ပါတယ်၊ ဒါပေမဲ့ left spikerက ရိုက်အားအလွန်ကောင်းပြီး ရန်သူတွေ ဘောလုံးကို receive(ခုခံမှုအနေနဲ့ ဘောလုံးကို လက်ကောက်ဝတ်နှစ်ဖက်စုပြီး ဖမ်းယူတာ) မလုပ်နိုင်လောက်အောင်အထိ အားပြင်းတဲ့ အမှတ်ယူသူတွေပါ၊ right spikerကတော့ အားပြင်းသူဖြစ်ပေမဲ့ defense ပိုင်းအတွက်ပါ တာဝန်ရှိတဲ့ကစားသမားဖြစ်ပြီး setterတွေအတွက် တစ်ဖက်ရန်သူကို လှည့်စားတာနဲ့ မထင်မှတ်တဲ့ အမှတ်မျိုး ယူတဲ့အခါမှာ အသုံးများလေ့ရှိတယ်။
Back spikerကလည်း အပေါ်ကနဲ့သိပ်မကွာပါဘူး။ သူက ‌နောက်ဘက်တန်း အဖွဲ့ရဲ့ receiver နဲ့ တစ်တန်းထဲ ရှိတဲ့အတွက် ဘောလုံးကို ဖမ်းယူဖို့အတွက် ပိုကျွမ်းကျင်ကြပါတယ်။
(Like Daichi! )

Beyond The Friendship(Completed)Where stories live. Discover now