BTF(33)

491 16 4
                                    

" သတင်းရလား "
နှောင်းခေတ်မောင်က ဖုန်းကို တင်းကြပ်စွာဆုပ်ကိုင်ပြီး တစ်စုံတစ်ခုသိရဖို့ မျှော်လင့်နေမိသည်။ သို့‌ပေမဲ့ ဝမ်းနည်းစွာနဲ့ပဲ သူသိချင်သော တစ်ယောက်သောသူအကြောင်းဟာ အလုံပိတ်လို့နေလေသည်။

" ဆော်တီးပဲ ကောင်လေး အခုသတင်းကို အုပ်ထားတဲ့သူက အင်အားကြီးလွန်းတယ်၊ ငါလေးရဲ့ သိတာတစ်ခုကတော့ သူအသက်ရှင်သေးတယ်၊ ပြီးတော့ သတင်းပိတ်ထားတဲ့သူက မိုးမခရဲ့ ဒုတိယသခင်လေး သန္တာမင်းမြတ်ဆိုတဲ့ မကောင်းဆိုးဝါးပဲ "

" သန္တာမင်းမြတ်? ဂိမ်းလောကထဲမှာ နာမည်ကြီးနေတဲ့ All lane player မဟုတ်လား "
နှောင်းက အံ့ဩသွားခဲ့သည်။
သူက ဂိမ်းလောကအကြောင်း အများကြီးမသိပေမဲ့ ဂိမ်းပြိုင်ပွဲတွင် စပွန်ဆာလုပ်လေ့ရှိခဲ့တာကြောင့် ဂိမ်းလောကမှ တချို့သူများကို သိလေသည်။

" အိုး~ မင်းကြားဖူးသားပဲ~ အမှန်ကို ဟုတ်တယ်၊ သူက အခုဂိမ်းလောကထဲမှာ နာမည်ကြီးသလိုမျိုး ဟက်ကာလောကထဲမှာလည်း နာမည်ကြီးတယ်၊ သူ့ကို မြန်မာရဲ့ ဟက်ကာမင်းသားလို့တောင် တင်စားလို့ရတယ် သူ့ထက်မြင့်တဲ့သူဆိုလို့ ဂန္တဝင်ဟက်ကာအိုကြီးတွေပဲရှိတော့တယ် "

တေးစကားနောက်တွင် နှောင်းက မျက်မှောင်ကြုံ့သွား၏။ သူက ဟက်ကာသမားတွေရဲ့ လုပ်နိုင်စွမ်းကို ကောင်းကောင်းသိသော စီးပွားရေးရှင်တစ်ယောက်ဖြစ်သည့်အပြင် စီးပွားရေးရှင်အနေနဲ့ ဟက်ကာသမားများကို သွားမထိသင့်ကြောင့် နားလည်၏။

" .. သိပြီ... မိုးမခ အခြေအနေ‌ဆက်စောင့်ကြည့်ထား၊ ပြီးတော့ နောက်ခါ ဖုန်းမဆက်နဲ့တော့ လူချင်းတွေ့မယ် "

" အယ်~~ ဥက္ကဌကြီးက ငါလေးလို ကျီးမည်းနဲ့ တွေ့ဖို့အချိန်ရှိတယ်ပေါ့ "
တေးက သူ့ညီတွေ့ချင်တယ်ပြောပြီးနောက်တွင် မျက်နှာလေးတောင် ပန်းရောင်သန်းပြီး ပျော်ရွှင်တက်ကြွသွားသည်။

ထို့အစား နှောင်းဘက်မှာတော့ လေထုဟာ တည်ငြိမ်ပြီး အမြဲလေးနက်လို့နေသည်။
" ကျုပ်က ဟက်ကာတွေကို မယုံဘူး.. သူတို့က ရန်မစသင့်တဲ့ အမျိုးတွေ "

တေးက ဒါတော့ နှောင်းကို ထောက်ခံမိသည်။ ဘာလို့ဆို သူ ခဏခဏ အဲ့သန္တာကျောက်တန်းကောင်ကြောင့် အမိခံဖူးတာပါသလို၊ သူ့အလုပ်တွင်လည်း ဟက်ကာသမားများနှင့် နေ့စဉ်နေ့တိုင်း တွေ့ဆုံနေရတာကြောင့်ပင်။
" ဒါတော့မင်းမှန်တယ် အိုခေလေ ‌နောက်ကျ သတင်းအချက်အလက်အတွက် ဆုံမဲ့ လိပ်စာ ငါမက်ဆေ့ချ်ပို့လိုက်မယ် "

Beyond The Friendship(Completed)Where stories live. Discover now