BTF(10)

821 21 2
                                    

နှောင်းခေတ်မောင်က သူ့မျက်လုံးရှေ့ရှိ ကလပ်ဝင်ခွင့်တောင်းဆိုသည့်စာရွက်ကို စိုက်ကြည့်နေသည်။
အဓိကအားဖြင့် စိုက်ကြည့်နေတာက ' ဝင်ချင်သည့်ကလပ် - ဘောလီဘော ' ဆိုသော စာလုံးနေရာကိုဖြစ်သည်။

" ဘာလို့ ကျနော်က ဘောလီဘောဆော့ရမှာလဲ "

သူက အလယ်တွင် ခွေခေါက်ပြီး အရည်ပျော်မတတ်ဖြစ်နေခဲ့သည့် မင်းကို့ပိုင်ကိုမေးလိုက်သည်။ မိုးလေးတစ်ခါမိပြီး အိုမီဂါလို အိပ်ရာထဲက မထနိုင်လောက်အောင် ဖျားနေသူမှာ ညီ‌အိမ်မှာမနေရင် ကိုယ်လဲ ကျောင်းလိုက်မယ်ဆိုပြီး သူ့ရောဂါကို ကျောင်းတွင် လိုက်ဖြန့်နေခဲ့သည်။
အမြင်ကတ်ချင်စရာကောင်းလောက်အောင်လည်း သူ့ခန္ဓာကိုယ်ကြီးကို အားမနာတမ်း နှောင်းပေါ်တွင် မှီတွဲနေသည်။

" ကိုယ်က အဲ့ကလပ်ထဲဝင်မှာမို့ ညီ့ကိုလဲ ပါစေချင်တာ "

" ကျနော်က ဒီအရပ်နဲ့ ဘောလီဘောဆော့ရမယ်ထင်နေလား၊ ခင်ဗျား!! ထပ်မကပ်နဲ့တော့ ရောဂါ‌ကူးကုန်မယ်! "

" မရဘူး၊ ညီဖော်မုန်းနံ့လေးက လူကို စိတ်ငြိမ်စေတယ်၊ သက်တောင့်သက်တာလဲရှိတယ် "

" ခင်ဗျားက ဘီတာလေ၊ ဘယ်လိုလုပ် ကျနော့်အနံ့ကို ခွေးတစ်ကောင်လို ရှုရပါ့မလဲ "

" အားကောင်းတဲ့ ဖော်မုန်းရှိတဲ့ ရနံ့တွေက ဘီတာတွေကို လွမ်းမိုးနိုင်တယ်လေ၊ အွင်း သိပ်‌မွှေးတာပဲ "

နှောင်းက သူ့လက်မောင်းတွင် တဖြည်းဖြည်းဖက်တွယ်လာသည့် လက်မောင်းလုံးကြီးနှစ်ခုကို အတင်းတွန်းဖယ်ရင်း ခုံအစွန်းကို ရွေ့ရလွန်းသည်မို့ မကြာခင် အောက်ကျခါနီးအခြေအနေရောက်နေချေပြီ။

" အဲ့တာဆို ဖော်မုန်းထဲက ခင်ဗျားကိုရန်လိုပြီး သတ်ချင်နေတဲ့ ဖိအားကို မခံစားရဘူးလား! "
သူက လေသံမာမာဖြင့် တစ်လုံးချင်းဆိုလာခဲ့သည်။

" နောက်ဆုံးတော့လဲ ကိုယ်က ဘီတာလေ "
သက်တောင့်သက်တာဖြစ်သော တစ်ဖက်သူရဲ့ စကားက သူ့ကို ပိုပြီးဒေါသထွက်လာစေသည်။

ဂါးးးး ငါသူ့ကိုသတ်ချင်လာပြီ။

" ဘောလီဘောအသင်းဝင်ပါနော် နော်၊ကိုယ်တစ်ယောက်ထဲ သူစိမ်းတွေကြားမှာ ဆော့ရမှာ ကြောက်စရာကြီး~ ညီ ပါလေနော်~ "

Beyond The Friendship(Completed)Where stories live. Discover now