BTF(25)

608 15 0
                                    

**Warning signs
ညစ်ပတ်တဲ့အသုံးအနှုန်းတချို့ မပါအောင် ကြိုးစားဖန်တီးထားပေမဲ့ ဖြစ်နိုင်ရင် လူငယ်လေးတွေ ဒီအပိုင်းကို stop!

ငွေမည်းများ ဝင်ထွက်ရာ ဂိတ်ပေါင်းများစွာကို ကျော်လွန်ပြီးနောက်တွင် ခမ်းနားပြီး မှောင်ခိုလောကနှင့် နည်းနည်းလေးမျှ မအပ်စပ်သော အဖြူရောင် လေလံရုံကြီးတစ်ခုကို တွေ့ကြရသည်။ သို့ပေမဲ့ အတွင်းဘက်မှာတော့ လူကုံထံများရဲ့ နိဗ္ဗာန်ဘုံဖြစ်ရာ ကာစီနိုလောင်းကစားဝိုင်း‌များစွာနှင့် ဂိမ်းစက်များ၊ အရက်၊ဘီယာဝိုင်တန်း ပေါင်းများစွာပြည့်ကြပ်နေသည့် စင်များစွာနှင့် အတွင်းဘက်အလယ်ခေါင်တွင် ‌အနက်‌ရောင်အတိပြီးသည့် ပဉ္စဂံကြီးတစ်ခုရှိလေသည်။ ထိုနေရာကတော့ မှောင်ခိုလောကရဲ့အထင်ကရ ပစ္စည်းပေါင်းများစွာကို လေလံဆွဲသည့် လေလံကွင်းကြီးဖြစ်လေသည်။
ဆေးနှင့် ဆေးခြောက်ကလွဲပြီး လိင်ကျွန်၊ ရတနာ၊ တော်ဝင်ပစ္စည်း၊ ပန်းချီကား၊ အဆောက်အအုံနှင့် ပိုင်ဆိုင်မှု စသဖြင့် အရာပေါင်းစုံကို လွယ်လင့်တကူ လေလံပစ်နိုင်မည့် အထွဋ်အထိပ်နေရာတစ်ခုဖြစ်၏။

လေလံရုံရဲ့‌ရှေ့တွင် ဈေးကြီးပြီး limitedထုတ်တဲ့ နက်ပြာရောင်long carတစ်စီးက ဝံ့ဝံ့ကြွားကြွားရပ်တန့်လာခဲ့သည်။ ထိုကားတံခါးက ညင်သာစွာ ဖွင့်သွားသည်နှင့် all black suitကိုယ်စီ ဝတ်ဆင်ထားသော မြင့်မြတ်သည့်အရှိန်အဝါများနှင့် သန်မာသည့် ယောကျာ်းသားနှစ်ဦးက တည်ငြိမ်စွာ ဆင်းလာခဲ့သည်။ ထိုထဲမှ တစ်ယောက်ဟာ ကလေးတစ်ယောက်အရွယ်သာရှိပေမဲ့ တည်ကြည်ပြီး ခက်ထန်သည့် သူ့အကြည့်ဟာ ယုံကြည်ချက်များပြည့်လျှံနေပြီး တစ်လောကလုံးကို အထင်သေးကာ လစ်လျူရှုလို့နေသည်။

" ဒါက BDရဲ့ စီအီးအိုဖြစ်ရမယ်...‌ကျနော်တို့သခင်က BDအတွက် သီးသန့်နေရာပြင်ဆင်ပေးထားတာမို့ ဒီဘက်ကိုကြွပါ "
ပန်းနုရောင် suitဖြင့် မိန်းကလေးဆန်ဆန်ချောမောသည့် ကောင်လေးတစ်ယောက်က သူတို့နှစ်ဦးကို စမ်းစစ်ပြီး အသက်အရွယ်ပိုကြီးဟန်ရှိသည့် လူကြီးအား စီအီးအိုလို့ သတ်မှတ်လိုက်သည်။ တကယ်တော့ နှောင်းကလည်း စီအီးအိုကဲ့သို့ မပြုမူဘဲ ထိပ်တန်းအရည်အချင်းရှိသည့် အတွင်းရေးမှူးတစ်ယောက်လိုမျိုး ဂျင်ရဲ့ နောက်တွင် ငြိမ်သက်စွာ ရပ်နေခြင်းကြောင့် ဖြစ်လေသည်။

Beyond The Friendship(Completed)Where stories live. Discover now