" သား အရွစိန်လေး နှောင်းခေတ်မောင်ရေ..... နှောင်းခေတ်မောင် မောလိုက်တာ နာမည်ခေါ်ရတာ မောလိုက်တာ "
အိမ်အတွင်းသို့ နာမည်အော်ခေါ်ရင်း ဝင်လာသည့် အမေ့ရဲ့ အစ်မ ဘီတာဖြစ်သော ခင်မာလာသည် အမောတကောဖြင့် ဆိုဖာပေါ် ပစ်ထိုင်လိုက်သည်။ ကလေးဆိုဖာရွဲ့ဝယ်ပေးတဲ့ အကြီးပေါ့!
" ဟီး အကြီးကလည်း... အဖျားစွပ်ခေါ်လည်း ကိစ္စမရှိပါဘူး ဥပမာ - မောင် ~~ လို့ပေါ့ "
ရေတစ်ခွက် လက်ကမ်းပေးရင်း နှာသံခပ်သေးသေးဖြင့် မျက်နှာရွဲ့ကာ တမင်ခေါ်ပြလိုက်သည့် နှောင်းခေတ်မောင်မှာ စောစောစီးစီး တိုက်ပွဲကျထားပုံနှင့်တူသည်။
ရယ်ချင်ချင် မျက်နှာထားလေးနှင့် အန်တီခင်မာလာသည် သူ့အတွက် ထမင်း၊ဟင်း ချက်ပြုတ်ပေးကာ တခါတလေတွင် သူ ကြောက်မှာစိုး၍ ညပါ လာလာအိပ်ပေးတတ်သူ ဖြစ်လေ၏။
ခြံချင်းကလည်း ဘေးချင်းကပ်မို့ ပိတ်ရက်များတွင် သူ ကြိုက်တတ်သော မုန့်များကို ပြုလုပ်ပေးတတ်ပြီး မြန်မာမုန့်တော်တော်များများကို ကျွမ်းကျင်ပိုင်နိုင်စွာ ချက်ပြုတ်နိုင်သော အပျိုကြီး မမ ပင်တည်း။" သားရွစိန်လေး.... မင်းအဖေ နဲ့ ရန်ဖြစ်ထားပြန်ပြီလား "
" အင်းလေ အကြီးရယ်...အကြီးပဲ စဥ်းစားကြည့်.....။
သားတစ်ယောက်ထဲ နေနိုင်မှာမဟုတ်လို့တဲ့ ရန်ကုန်ဘက်မှာ သူနဲ့လာနေပါတဲ့လေ! အဲ့မှာလည်း အယ်လ်ဖာချည်းတက်လို့ရတဲ့ ကျောင်းတွေပါ ရှာထားပြီးသားတဲ့!
ဒီမှာ တစ်ယောက်ထဲ အေးဆေးနေချင်လို့တောင် ဒီအိမ်အတွက် နှစ်နှစ်လောက်စုပြီး သား ပိုက်ဆံနဲ့တောင် ဝယ်ထားရတာလို့ ပြောရတာလဲ အာပေါက်ရုံမကလို့ အမြုပ်ပါ ထွက်နေပြီ။ နေလာတာလည်း နှစ်ကျော်နေပြီကို ဖုန်းပြောလိုက်တိုင်း ဒါချည်းပဲ
ဟွန့် မပြောလိုက်ချင်ဘူး အဖေဟူသည်ဆိုမှာလဲ "ခြေဟန်လက်ဟန်ဖြင့် ဖခင် စကားလုံးတိုင်း၏ အမူအရာများကို လိုက်လုပ်ကာ ဘုကလန့်ဆိုနေသော နှောင်းခေတ်မောင်ရဲ့ ဟန်ပန်လေးကို ကြည့်ရင်း အကြီးခင်မာလာသည် သူမရဲ့ ဝမ်းဗိုက်ကို ဖိရင်း ရယ်လေတော့သည်။
YOU ARE READING
Beyond The Friendship(Completed)
Aktuelle Literaturမိသားစုရဲ့ အတိတ်ဆိုးတွေနဲ့ traumatized ဖြစ်ခဲ့တဲ့ ဈာန်မျိုးဆက် Dominant Alphaငယ်လေးနဲ့ တက်ကြွကာ ရည်းစားရှုပ်ပြီး အီစီကလီကျွမ်းကျင်လွန်းတဲ့ ဘီတာကိုကြီးတို့ တွေ့ဆုံချိန်... ထူးခြားတဲ့ အတိတ်တွေရဲ့သော့ချက်ကို ကလဲ့စားချေမဲ့ Alphaလေးက ဘီတာကိုကြီးနဲ့အတူ မ...