BTF(39)

548 12 0
                                    

ကော်ဇော်ထူကြီးကို ဟိုးအတိတ်ကအတိုင်း သပ်သပ်ရပ်ရပ်ခင်းထားသည့် လျှောက်လမ်းကျယ်ရဲ့ တစ်လျှောက်တွင် လည်သာဖိနပ်သံများက တတောက်တောက်မြည်လို့နေသည်။ အလင်းပြန်လျက်ရှိသော မျက်မှန်ဝိုင်းလေးနောက်က မျက်ဝန်းသားများက အနည်းငယ် တွေဝေငေးမောနေသည်။
ဒီနေရာက သူအမြဲအသားကျခဲ့သည့် နေရာဖြစ်ခဲ့ပေမဲ့ အခုချိန်မှာတော့ အလွန်တရာကို စိမ်းသက်သက် ခံစားနေရသည်။ ဘာလို့ဆိုရင် ဒီနေရာမှာ အမေမှမရှိတော့တာကိုး....။

သစ်သားရွက်တံခါးကြီးနှစ်ခုနှင့် အခန်းတစ်ခုရှေ့သို့ ရောက်တော့ လည်သာဖိနပ်သံများက တိတ်ဆိတ်လို့သွားသည်။ ထိုတံခါးကို ပိတ်လှောင်ထားသည့် သော့ခလောက်ကို အညိုရောင်လက်တစ်ဖက်က ဖြည်းဖြည်းချင်း ဆုပ်ကိုင်လိုက်ပြီး ဂျလောက် ဆိုသည့်သော့ဖွင့်သံဟာ အခန်းထဲသို့ မြည်ဟည်သွားလေသည်။

ကျွီ~~
နှစ်ပေါင်းများစွာ မဖွင့်ဖြစ်ခဲ့သော တံခါးကြီးဟာ အိုဟောင်းသည့် အသံတချို့နှင့် အထဲမှာတော့ ဖုန်တထောင်းထောင်းပြည့်နှက်လို့နေလေသည်။

ဒုတိယထပ်ကို အမြဲသန့်ရှင်းရေးလုပ်ကြပေမဲ့ ဒီအခန်းကိုတော့ အမြဲပိတ်ထားပစ်တယ်တဲ့လား..
အမေ့ကို အဲ့လောက်သဘောမကျရင်လည်း ဘာလို့ သူမကို ဈာန်အိမ်ထဲ ဝင်ခွင့်ပေးရတာလဲ?
ဒီတိုင်း သူမကို လွတ်လပ်ခွင့်ပေးလိုက်သင့်တယ်....။

နှောင်းက ပျက်စီးယိုယွင်းနေသော ဆိုဖာခုံများနှင့် အရင်အတိုင်းစာအုပ်များစီတန်းနေသော နံရံများကို ကြည့်ပြီး သက်ပြင်းချလေသည်။ အကုန်လုံးကို နှစ်ပေါင်းများစွာ မထိန်းသိမ်းခဲ့တော့ အတော်ကို ပျက်စီးကုန်ပြီပင်။ စာအုပ်တွေရော၊ ရုံးခန်းစားပွဲလေးရော အကုန်လုံးပေါ့....။

" ဘော့စ်~ ကျွန်တော်တို့ ရှာရတော့မလား "

နှောင်းက ဂျင်ကို ကြည့်ပြီး ခေါင်းခါပြလိုက်သည်။ ပြီးနောက် သူက ဖုန်အလိမ်းလိမ်းတက်နေသော ရုံးခန်းခုံနားကို သွားပြီး ဒူးထောက်ထိုင်ချလိုက်ကာ စားပွဲအောက်ခြေနားက ကော်ဇောကို လှန်လိုက်သည်။ ထိုနေရာတွင် ကြမ်းခင်းအညီမဟုတ်ဘဲ အဖုအထစ်အသေးလေးက ရှိလို့နေသည်။ ထိုအဖုလေးကို နှောင်းက ကုတ်ခွာလိုက်တော့ အထစ်လေးထဲတွင် သေးငယ်သော ခလုတ်တစ်ခုပေါ်လို့လာသည်။ ၎င်းကို နှိပ်လိုက်သည့်အခါ စာအုပ်များစီတန်းထားသော တန်းများက ဘေးနှစ်ဖက်ကို လှုပ်ရှားသွားပြီး အလယ်တွင် ပန်းချီကားတစ်ချပ်ပေါ်လာတော့သည်။

Beyond The Friendship(Completed)Where stories live. Discover now