BTF(18)

502 26 2
                                    

အိမ်ပြန်လမ်းတစ်လျှောက်လုံး မင်းကို့ပိုင်ကို သယ်သွားချင်ခဲ့သော နှောင်းခေတ်မောင်က သူ့လက်ထဲက သားမွေးလုံးကောင်ကြီးကို ချပေးပြီးသည်နှင့် အနည်းငယ် တိုးတိတ်စွာ နောင်တရမိသွားသည်။

အကိုရဲ့ ကိုယ်သင်းနံ့က မွှေးလိုက်တာ၊ ရှုလို့တောင် မဝသေးတာကို....။

နှောင်းရဲ့ လက်တစ်စုံက လေထဲတွင် ရပ်တန့်နေပြီး မမြင်နိုင်သည့် နူးညံ့သော ရနံ့နောက်ကို မျက်စိမှိတ်ကာ ခံစားနေမိလေသည်။
ဒီရနံ့က ထူးဆန်းပြီး သိပ်ကို ချိုမြိန်လှသည်။

" အကို ဘာရေမွှေးတံဆိပ်ကို သုံးတာလဲ "

" ဟမ် ငါကရေမွှေးမကြိုက်ဘူး "

ဒါဆို ဆပ်ပြာဆီနေမယ်...

" ညီ ကိုယ်တို့တစ်ခုခုများမေ့နေတာလား "
မင်းကို့ပိုင်ဟာ အိမ်တံခါးရှေ့တွင် ရပ်ကာ သူ့ခေါင်းကို ကုတ်လိုက်ရင်း စဉ်းစားတွေဝေသွားမိသည်။
သေချာပေါက် သူတစ်ခုခုကို မေ့နေတယ်၊ ဘာကိုမေ့နေတာလဲ။

" ဟုတ်တယ် ကျနော်တို့ တစ်ခုခုကို မေ့... အား! အကို! မှာထားတဲ့ ကိတ်မုန့် "
ညီ့မျက်လုံးများက ပြူးကျယ်သွားသည်။ အလားတူ မင်းကို့ပိုင်သည်လည်း ထပ်မံတုန်လှုပ်ကာ လန့်ဖြန့်သွားသည်။ နှစ်ယောက်လုံးဟာ သရဲတဘက်ကဲ့သို့ မြို့လယ်က ကိတ်မုန့်ဆိုင်ကို အသည်းအသန်ပြေးလွှားကြတော့သည်။

တော်ပါသေးတယ်၊ ကိတ်မုန့်ကို အရင်မှာပြီးမှ ဂိမ်းသွားဆော့ခဲ့မိလို့၊ မဟုတ်ရင်တော့ ယဉ်စိန်မ ငါ့ကို လည်ပင်းညစ်သတ်တော့မှာ ..

သူတို့နှစ်ယောက်က ကိတ်မုန့်ဘူးလေးကို ရတနာသဖွယ်မျက်ရည်စို့မတတ် ပွေ့ပိုက်လာကြပြီး အိမ်သို့ရောက်သော် မျက်နှာမည်းကြီးဖြင့် လူသုံးယောက်ကို တွေ့လိုက်ရတော့သည်။

" နှောင်း ခေတ် မောင် "
အံ့ကြိတ်ထားသော သေမင်းခေါ်သံကြောင့် နှောင်းရဲ့ ဖော်မုန်းများက ဗြန်းကနဲ ထွက်ပြေးကုန်ကြပြီး လူကိုယ်တိုင်ဟာလည်း အလွန်တရာ ကြောက်လန့်သွားသည်။

" ယ.. ယဉ် "

အခုချိန်မှာ ယဉ်ရဲ့ ဆံပင်တွေက ပြင်းထန်တဲ့ ဖော်မုန်းရဲ့ ဖိအားတွေဖြင့် လေထဲ လွှင့်နေသည်ဟု ခံစားရပြီး မျက်နှာမှာ မဖဲဝါထက်ပင် ကြောက်ဖို့ကောင်းနေသည်ဟု မြင်ယောင်မိပေသည်။
ယဉ်နမ်းရှိုက်ဦးက နှောင်းခေတ်မောင်ရဲ့ ဂုတ်ကို ဆောင့်ဆွဲကာ ကိတ်မုန့်ဘူးကိုတော့ နန္ဒလင်းထံ လွှဲအပ်လိုက်သည်။ ပြီးနောက် တရွတ်တိုက်ဆွဲခေါ်သွားကာ ဧည့်ခန်းဆီ၌ ပစ်ချလိုက်သည်။

Beyond The Friendship(Completed)Where stories live. Discover now