BTF(26) and (27)

572 14 0
                                    

တနေ့လုံး မင်းကို့ပိုင်က နောက်လိုက်အမြီးလေးကဲ့သို့ ညီနောက်ကို တကောက်ကောက်လိုက်နေပြီး စိတ်ဆိုးမဆိုးကို ဆုံးဖြတ်ရခက်နေခဲ့သည်။
ညီကတော့ တကယ့်ကို အကောင်းအတိုင်းပဲ၊ သူ့ပုံစံက သာယာနေလိုက်တာမှ ပျော်ပွဲစားတောင်ထွက်ဖို့သင့်ပြီ။
ဟွန်းး ငါတစ်ယောက်ထဲ ဒီလိုခံစားနေရတာကြီးက မမျှတလိုက်တာ....။
ဒီလိုအခြေအနေမှာ ဒီလိုဖြစ်တာကတော့ ပုံမှန်ပဲမဟုတ်ဘူးလား.. ညီဟန်ဆောင်နေတာများလား..။

" အကို... "

" အွန်း "

" အကိုဘယ်ချိန်ထိ ကျနော်နောက်ကို လိုက်နေမှာလဲ "

" သေတဲ့အထိ "
မင်းကို့ပိုင်ဟာ လေးလေးနက်နက် မျက်ဝန်းများဖြင့် တည်တည်တံတံ့ပြောလာသည်။

" အိမ်သာထဲကိုရောလား? ကျနော် ချီးပါချင်နေပြီ "
နှောင်းက သူ့ဖင်ကို လိမ်ထားကာ တံခါးလက်ကိုင်ကို တင်းတင်းကြပ်ကြပ်ဆုပ်ထားရသည်။

" အာ.... ဆော်တီး "
မင်းကို့ပိုင်ရဲ့မျက်နှာကြောဟာ အနည်းငယ်အံ့သေသွားပြီး သူ့အသံဟာ တောင့်တင်းသွားသည်။ သူက ချက်ချင်းပဲ ကျောခိုင်းလိုက်ပြီး သန့်စင်ခန်း တစ်ဖက်နံရံမှာ မှီနေလိုက်သည်။

ဝုန်း(တံခါးပိတ်သံ)
အလျင်အမြန် ဆွဲစေ့လိုက်သော သန့်စင်ခန်းနောက်တွင် လူငယ်လေးရဲ့ မျက်နှာက နှင်းဆီပွင့်လေးလိုမျိုး နီရဲနေလေသည်။ သိသိသာသာ တင်းတင်းကြပ်ကြပ်နှင့် ထိန်းချုပ်ထားရသော ဖော်မုန်းများကလည်း သူ့အနားတွင် ပျံသန်းနေသည်။ နှောင်းခေတ်မောင်က အကို နောက်ထပ်တစ်ကြိမ် အဖျားဝင်သွားမှာကို ကြောက်ရွံ့နေမိခဲ့သည်။ ဒါကြောင့် အိမ်မှာနေချိန်တွင် သူ့ဖော်မုန်းများကို အရင်လိုမျိုး သတိလက်လွတ် လွှတ်ထားတာမျိုးမရှိတော့ဘူး။ ကောင်းမွန်တဲ့အမှတ်တရတချို့လည်း ထိုညတွင် ပါဝင်ခဲ့ပေမဲ့ ပုံမှန်လိုပဲ သူပြုမူနေနိုင်ခဲ့တာက ဒါကို မတော်တဆတစ်ခုလို့ပဲ တွေးယူထားလို့ဖြစ်လေသည်။

ဒါပေမဲ့ အကိုကတော့ အဲ့တာကို မမှတ်မိဘူးထင်တယ်... ပြီးတော့ ငါ့အပေါ်လည်း ပိုပြီးတွယ်ကပ်လာသလိုပဲ၊ ငါအရင်တခေါက်လိုမျိုး ရန်ဖြစ်ပြီး ငါထွက်သွားမှာကို စိုးရိမ်နေတာထင်တယ်...။
အကိုက စိုးရိမ်ပူပန်ပြီး သူ့ကို တွယ်တာလေလေ အယ်လ်ဖာတစ်ယောက်အနေနှင့် သူ့မှာ အကိုအပေါ် ပိုပြီး ပိုင်ဆိုင်ချင်လာလေလေပဲ၊ အကို့မျက်နှာပေါ်က သိမ်မွေ့တဲ့အမူအယာကို မြင်တိုင်း ဖမ်းဆုပ်ပြီး ကုတင်ပေါ် ပစ်တင်လိုက်ချင်တယ်!
ဟာ~~~ စိတ်လျော့ ငါ့သားကြီး(means ဒုတ်)... မင်းက ‌ယဉ်ကျေးတည်ငြိမ်တဲ့ အဖေကြီးဆီက မွေးဖွားလာတာ.. Rutဖြစ်နေရင်တောင်မှပဲ အဲ့အမှားမျိုး ဘယ်တော့မှ မကျူးလွန်ရဘူး၊ ဖော်မုန်းတွေရဲ့ ထိန်းချုပ်မှုကို မင်းဆန့်ကျင်နိုင်ရမယ်! ဖိုက်တင်း!

Beyond The Friendship(Completed)Where stories live. Discover now