BTF(17)

578 19 0
                                    

မိုးသံဟာ ဝုန်းဒိုင်းကျဲလို့အပြီးတွင် နှောင်းခေတ်မောင်က မိနစ်ပိုင်းမျှ လှစ်ကနဲ အိပ်ပျော်လို့သွားခဲ့လေသည်။
သို့ပေမဲ့ ဆတ်ကနဲပြန်နိုးလာသည်။ ဒုက္ခပေးသည့်အမွှာငယ်ဟာ ရေပန်းခလုတ်ကို ဖွင့်ချင်လေပြီ။
မီးပြတ်ပြီး အမှောင်ကျနေသည့် အခန်း‌လေးတွင် သူ့ဘေးမှ လူရှည်ကြီးရဲ့ အသက်ရှုသံ ခပ်တိုးတိုးကလွဲပြီး အလွန်ကိုတိတ်ဆိတ်လှသည်။ အခန်းနှင့်အိမ်သာကို သွားချင်လျှင် အနည်းဆုံး ခြေဆယ့်ငါးလှမ်းလိုအပ်ပြီး မီးဖိုချောင်ကို ဖြတ်သွားရမည်ဖြစ်သည်။
အင်အားကြီးမားလှသော ဒိုမင်နမ့်အယ်လ်ဖာကြီးဟာ ချွေးစေးတချို့ကို ခိုးသုတ်လိုက်သည်။

သောက်EPC! ဆောင်ရကျိုးမနပ်ဘူး၊ အရေးအကြောင်းဆို မီးပြတ်ပြီ!

သူမကြောက်ပါဘူး၊ စိတ်ထဲမှ အားတင်းလိုက်သည်။
ပိတ်ထားသည့် ပြတင်းပေါက်အဟ‌ကြားမှ ဖြည်းညှင်းစွာ တိုးဝှေ့ဝင်လာတဲ့လေတိုးသံလေးများက သူ့နားတွင် ပဲ့တင်ထပ်သလို ဆိုက်ကိုဝင်လာသည်။ မသိလျှင် နားနားကပ်ပြီး လေချွန်နေသယောင်.....

' ငလူးပဲဟေ့ '
သူတကယ်ကို သရဲကြောက်ပါ၏။

ရုတ်ချည်း ခလူးခလူးး ဆိုပြီး သူ့ဘက်ကို စောင်းအိပ်လာသော အကိုကြောင့် လန့်ဖျပ်ကာ ဘေးနားက စောင်ကြီးကို ဇောက်ထိုးဆွဲခြုံမိလေသည်။
တဟူးဟူးနှင့် အသက်လုရှုနေမိသည့် အသက်ရှုသံပြင်းပြင်းကလေးကြောင့် နံရံဘက်ကို စောင်းထားသော သူ့ရင်ဘတ်ကလေးက ဖောင်းလိုက်ပိန်လိုက် ဖြစ်နေသည်။

ဘာလဲ! အပေါ့သွားရုံပဲလေ! ငါဒီလောက်ထိ ကြောက်ဖို့မလိုပါဘူး၊ တစ်ယောက်ထဲတောင်မှပဲ နေလာတာ တစ်နှစ်ပြည့်တော့မယ်! ကြောက်မနေသင့်တော့ဘူးလေကွာ။

နှောင်းက သူခိုးတစ်ယောက်လို ခေါင်းငြိမ့်လိုက်သည်။
ပြီးနောက် မပွင့်မလင်းဟန်ဖြင့် တစ်စတစ်စ စီးကျလာသည့် ချွေးများကြောင့် စောင့်လေးဟမိတော့ သံရှည်ဆွဲကာ ထအူပြန်သော ခွေးစုတ်ခွေးနာက ရှိနေပြန်သည်။

ငါ့ယီးပဲ! မသာခွေး နောက်နေ့ မင်းကို အစာမကျွေးတော့ဘူး!

သူက ခုထိ နေရာကတောင် တစ်စက်မရွေ့ရဲဘဲ တောင့်တင်းနေလေသည်။
၎င်းကား လွမ်းမိုးခြယ်လှယ်နိုင်စွမ်း ကြီးမားလှသည့် ကိုယ်တို့ရဲ့ Donimant Alphaကြီး နှောင်းခေတ်မောင်ပါပင်။
အားကိုးရချည်ရဲ့~

Beyond The Friendship(Completed)Where stories live. Discover now