Part-(1)(Unicode)

1.3K 42 1
                                    

"ခွက်စုတ်လေးနဲ့ပတ်တာလောက်တော့ ရီတာပေါ့ ရီတာပေါ့"

အရှေ့က ဖြတ်သွားတဲ့ ရေပတ်ခံထွက်လာတဲ့ ကားတွေကို လိုက်ငေးနေမိသည်။ သင်္ကြန်ဆိုတာ ကိုယ်နဲ့ မသက်ဆိုင်တဲ့ ပွဲတော်တစ်ခုလိုပါပဲ ရေတွေစိုနေတာမကြိုက်ပေမဲ့ အခုတော့ ကိုယ့်မွေးရပ်နဲ့အနည်းငယ်အလှမ်းဝေးတဲ့ ရန်ကုန်မြို့ရဲ့ လူချမ်းသာတွေ အများဆုံးနေတဲ့ ဝန်တာမီယာဆိုတဲ့ နေရာကိုရောက်နေခဲ့ပြီ မေမေပေးထားခဲ့တဲ့ လိပ်စာကို ကြည့်မိရင် လမ်းဆက်လျှောက်နေမိတယ်။

"ဝုန်း"

"ဟင်...ပြဲသွားပြီ"

လိပ်စာ အသဲအမဲ ကြည့်ရင်း လမ်းလျှောက်လာတာမို့ ရေနဲ့ပတ်လိုက်မှ သတိပြန်ဝင်လာပြီး လိပ်စာလေးကိုကြည့်လိုက်တော့ မေမေပေးခဲ့တဲ့လိပ်စာလေးမှာ နှစ်ပိုင်းပြဲသွားတာကြောင့် စိတ်ပျက်လက်ပျက် ငြီးငြူမိသည်။

"ဟိုလေ အကိုတို့ ကျွန်...ကျွန်တော်တစ်ခုလောက်မေးလို့ရမလား"

လင်းရောင်ကြည် တို့သူငယ်ချင်းတွေရေဆော့နေရင်း အသံတိုးတိုးလေးနဲ့မေးလာတဲ့ကောင်လေးတစ်ယောက်

ပုံစံကိုကြည့်လိုက်တာ နှင့် ရန်ကုန်ကမဖြစ်နိုင်ဘူးဆိုတာ သိသာလှသည်။ ပလတ်စတစ်ဖြစ်ပြုလုပ်ထားသော ခရီးစောင်အိတ်အစိမ်းရောင်ကြီးကို လက်တစ်ဖတ်ကဆွဲပြီး ရှပ်အင်္ကျီလက်ရှည် ခက်နွမ်းနွမ်းလေး နှင့် ပုဆိုး ခဲဖျော့ရောင် ခမ်းနွမ်းနွမ်းလေးဝတ်ထားသည့် တစ်ကိုယ်လုံး ရေတွေရွှဲရွှဲစိုနေတဲ့ ဖြူဖြူ ပိန်ပိန်သေးသေး ကောင်လေးတစ်ယောက်။

"အင်း ဘာမေးစရာရှိလို့လဲ ညီ"

"ဟိုလေ ဒီလမ်းထဲမှာ ဦမြင့်မောင်မောင်နဲ့ ဒေါ် ဝင့်ဝါထွေး မိသားစုရှိလားဗျ"

"ဟင် ...ဟော အဆင်သင့်ပဲ ဟိုမှာပါဗျာ"

လင်းရောင်ကြည်က ထိုကောင်လေးမေးတာကို တွေးစစနဲ့ ပတ်ဝန်းကျင်ကိုလှမ်းကြည့်ရင်း တစ်နေရာကို လက်ညိုးထိုးပြ၏။ထိုကောင်လေးလည်း လင်းရောင်ကြည် လက်ညိုးထိုးပြတဲ့နေရာကို လိုက်ကြည့်မိတော့ Tshirt over size အညိုရောင်ကို ဒူးလောက်ရှိတဲ့ ဂျင်းဘောက်ဘီ အမဲနဲ့တွဲဖတ်ဝတ်ထားပြီး ​ပြိုင်ဘီးစီးလာသည့် လူတစ်ယောက် အသားဖြူဖြူနှင့် စက်ဘီးပေါ်မှာတောင် အရပ်အတော်အတန်ရှည်သည်ကို သိနိုင်လောက်သည့် လူတစ်ယောက်။

ဤနွေမှစ၍နွေဦးကိုချစ်ခဲ့ရသည်(ဤနွမှေစနွဦေးကိုချစ်ခဲ့ရသည်)Where stories live. Discover now