ထိုမြင်ကွင်းကိုမမှိတ်မတုန်စောင့်ကြည့်နေသည့်လူထံမှ ဖုန်းသံထွက်လာသည်
"အင်း"
📞စာချုပ်ရပါပြီ Boss
"Ok"
📞ကျွန်တော် ဦးဝဏ္ဏကျော်ကို အိမ်စာချုပ်နဲ့ဆိုင်စာချူပ်တွေပြပြီးကောင်လေးကိုပြန်ခေါ်ဖို့ပြောလိုက်ရတော့မလား Boss "
"နေဦး အစကငါဒီအစီစဥ်အတိုင်းသွားဖို့စဥ်းစားထားပေမဲ့ အခု ငါကောင်လေးရဲ့ သိစိတ်ရော မသိစိတ်ရောကငါ့ကိုလိုလားနေတာကိုပါ ငါလိုချင်သွားပြီ ငါပဲခူးကို လာခဲ့မယ် ဪ...ဦးဝဏ္ကကျော်နဲ့ဒေါ်နှင်းဆီခင်တို့ကို ငါတို့လူတွေနဲ့ခြိမ်းခြောက်ခိုင်းထားလိုက် ငါပြောတာသဘောပေါက်လား"
📞သဘောပေါက်ပါတယ် Boss
တီ
သူရိန်ထက်မြတ်သည် ဖုန်းချလိုက်သည့်နှင့် မျက်စိရှေ့ကထွက်သွားနှင်ပြီဖြစ်သော ပြိုင်ကားအညိုရောင်လေးကို မမှိတ်မသုန်ကြည့်၍အဓိပ္ပါယ်ဖော်၍မရသောအပြုံးတစ်ကိုပြုံးလို့နေသည်။
***
"မင်းဘယ်လိုတောင် လုပ်ရက်တဲ့မိန်းမလည်း နှင်းဆီခင်"
နှစ်ထပ်တိုက်လေးထံမှ ယောကျ်ားကြီးတစ်ဦး၏အသံသည် ဒေါသအသံနှင့်အတူ ကြောက်မက်ဖွယ်ကျယ်လောင်စွာထွက်ပေါ်လာသည်။
ဧည့်ခန်းအတွင်းမှ ကျွန်းဖြစ်ပြုလုပ်ထားသည့် စတီခုံထိပ်ဆုံးခုံတွင်ထိုင်နေသော အသက်50ကျော်အရွယ်အမျိုးသားကြီး၏မျက်နှာသည်ဒေါသအမျှင်အတန်းတို့ကြောင့် သွေးနီရောင်ဖြစ်လို့နေပြီး သူ၏မျက်လုံးသည်မှာလည်းနီလို့နေသည်။
"မင်းပြောစမ်းပါအုံး နှင်းဆီခင်"
တစ်ဖက်ခုံတွင် ခပ်ကျုံ့ကျုံ့သာထိုင်နေသော နှင်းဆီခင်ဆိုသည်အမျိုးသမီးသည် ထိုအသံကြားသည်နှင့် သူ၏မာယာများလှသည့် မျက်နှာကို မျက်နှာငယ်လေးအသွင်ပြောင်းလဲလိုက်ပြီး မျက်ဝန်းတို့မှ မျက်ရည်များကို လက်နက်အဖြစ်ထုတ်လိုက်ပြီး
"ခင် ...ခင်တကယ်မရည်ရွယ်ပါဘူး"
ထိုအမျိုးသမီး၏ချွဲနွှဲ့နွှဲ့အသံကိုကြားသည်နှင့်ဦးဝဏ္ဏကျော်၏ဒေါသမျက်နှာသည် ဒေါသလျှော့ချလိုက်သည့်နယ် အသက်ပြင်းမောချ၍
YOU ARE READING
ဤနွေမှစ၍နွေဦးကိုချစ်ခဲ့ရသည်(ဤနွမှေစနွဦေးကိုချစ်ခဲ့ရသည်)
Romanceရေသော်အမောင်+နွေဦးကြွေ နွေမှာတွေ့ပြီးချစ်ခဲ့ရတဲ့ကောင်လေးနာမည်ကနွေဦးတဲ့ ရသော်အမောင်+နွဦေးကြွေ နွမှောတွေ့ပြီးချစ်ခဲ့ရတဲ့ကောင်လေးနာမည်ကနွဦေးတဲ့