Part-(18)(Unicode)

240 15 5
                                    

"ဟို ဟိုလေ သားခင်ဗျားကြီးကို သိသလိုလိုပဲ "

"အဟင်းးကိုယ့်ကိုမှတ်မိတာလား မမှတ်မိဘူး ထင်နေတာ "

"သားမှတ်မိပါတယ် ဟို ခင်ဗျားကြီး နာမည်က သားသိပါတယ်"

"..."

သူရိန်ထက်မြတ် သူ့ရှေ့ကောင်လေးကိုအသဲတယားယားဖြင့်ကြည့်နေမိသည်။ကောင်လေးသည် သူ့နာမည်ကိုအသဲအသန်စဉ်းစားနေသည်မှာ အတော်ချစ်ဖို့ကောင်းသည်။သူဒီမျက်နှာလေးနှင့် မျက်ဝန်းစိမ်းလေးများကို ပြန်တွေ့ရဖို့ ဘယ်လောက်တောင်ရှာလိုက်ရသလဲ။မြင်နေရရုံနှင့် မတင်းတိမ်နိုင်သေးပါ။ပိုင်ဆိုင်ခွင့်ရပြီး မည်သည့်မှ မတွေ့နိုင်လောက်သည့် နေရာတွင် သိမ်းထားခိင်သည်အထိ အတ္တကြီးမိသည်။

"သူရိန်ထက်မြတ် ဟုတ်တယ်မလား ကိုသူရိန်ထက်မြတ်"

"ဟုတ်ပါတယ်ဗျာ ကိုယ့်နာမည် သူရိန်ထက်မြတ်ပါ နွေဦးကြွေက ဒီကျောင်းကပဲလား"

သူရိန်ထက်မြတ်အဆင်မပြေနေပါ။သိပြီးသားကိစ္စများကို ဟန်ဆောင်၍ပြန်မေးနေခြင်းသည် သူ့ဘဝအတွင်ပထမဆုံးဖြစ်သောကြောင့် အဆင်မပြေပါ။

"ဟုတ်တယ်ဗျ သား အာ..ကျွန်တော်က ဒီကျောင်းကပါ ခင်ဗျားကြီးကရော ကျောင်းလာတက်တာလား အရင်ကကျောင်းမှာမမြင်ဖူးဘူးရယ်"

နွေဦးကြွေရဲ့ အမေးကြောင့် သူရိန်ထက်မြတ် အနည်းငယ်ကြောင်အသွားရသည်။ သူရိန်ထက်မြတ်သည် ဖခင်ရှိရာ UA မှာပဲ ကျောင်းတက်၍ဘွဲ့ရခဲ့သောကြောင့်ဖြစ်သည်။ထိုကောင်လေးမရိပ်မိအောင် လုပ်ချောင်းဟန့်၍

"အဟွန်းးး ကိုယ်...ကိုယ်ကကျောင်းလာတာတက်မဟုတ်ပါဘူး ကိုယ့်အသိ ပါမောက္ခတစ်ယောက်နဲ့လာတွေ့ရင်းနဲ့ ချာတိတ်နဲ့တိုက်မိတာ"

သူရိန်ထက်မြတ် မလိမ်ချင်ပေမဲ့ လိမ်ရပြန်သည်။အကြောင်းမှာ UAတွင် ကျောင်းပြီ၍ မြန်မာနိုင်ငံသို့ပြန်ရောက်ရောက်ခြင်း မိခင်၏HM Group ကိုဦးစီးနေရသည်မှာတစ်ဖက် ဖခင်၏ အမွေဖြစ်သည့် လက်နက်ရောင်းဝယ်သည့်လုပ်ငန်းနှင့် မူးယစ်ဆေးရောင်းဝယ်သည့်လုပ်ငန်းကို လုပ်ကိုင်နေရသောကြောင့် ဆေးကျောင်းမှ ပါမောက္ခမဆိုထားနှင့် သူ၏နေထိုင်ရာ အိမ်ဘေးတွင် မည်သူနေထိုင်မှန်းတောင်သူမသိပါ။

ဤနွေမှစ၍နွေဦးကိုချစ်ခဲ့ရသည်(ဤနွမှေစနွဦေးကိုချစ်ခဲ့ရသည်)Where stories live. Discover now