အမောင်အခန်းထဲဝင်တော့ ထိုကလေးသည် တစ်ယောက်အိပ်ကုတင်နှစ်လုံးရှိသည့်ထဲမှ အတွင်းဘက်ရောက်သည့် ကုတင်ပေါ်တွင် ဝမ်းလျားမှောက်အနေအထားဖြင့်စာအုပ်တွေဘေးချကာ စာတွေတလှုပ်လှုပ်နှင့် လုပ်နေပြန်သောကြောင့် အမောင့်၏အချိုးကျလှသော မျက်ခုံးနှစ်ဖက်မှာပင်ထိစပ်လုနီးပါးပင်ဖြစ်သွားပြီး တိတ်ဆိတ်နေ့သည့် အခန်းအတွင်း သြရှရှအသံတစ်ခုကလွှမ်းမိုးသွားသည်။
"လန်လန့်..! ဒီစာအုပ်တွေကို ဘယ်တုံးက ထည့်လာတာလဲ"
"မေမေ့....!"
ထိုကလေးသည် အမောင်အခန်းထဲကိုဝင်လာသည်ကို မသိသည်နှင့်အမျှ အမောင်၏ သြရှရှအသံကြောင့် လန့်သွား၍ ဝမ်းလျားမှောက်အနေအထားမှ အမောင်ရှိရာနေရာသို့ မျက်ဝန်းစိမ်းအဝိုင်းသားနှင့်လှည့်ကြည့်၍ အမောင့်ကိုမြင်မှ စိတ်ချသွားသည့် အမူအရာဖြင့် သက်မောချကာ ဝမ်းလျားမှောက်နေရာမှ ထထိုင်ပြီး
"ဟီးးးကိုကို "
နွဦေးသည်ထိုင်နေရာမှ အမောင့်ကိုသွားထပ်ကလေးတစ်ဖက်ပေါ်ကာ မျက်ဝန်းစိမ်းများမှိတ်သွားသည် အထိ တစ်ဟီးဟီးနှင့် ရီပြနေပြန်သောကြောင့် အမောင်၏ဒေါသစိတ်လေးပင် အရှေ့ကငပလီကမ်းခြေထဲ မျောသွားမှန်းမသိ မျောသွားရသည်။
အမောင်သည်ထိုကလေး ထိုင်နေသည့် ကုတင်ရှိရာသို့သွားကာ ကုတင်စွန်းတွင် တင်လွှဲထိုင်လိုက်သည်။ကုတင်အလယ်တွင် ထိုင်နေသောကလေးက ဆံပင်ကောက်လေးများကို လျှော်ထားပြီး သေချာမသုတ်ထားသည့်ပုံ၊ Pajama အဝါရောင်လေးကိုဝတ်ထားပြီး အင်္ကျီကြယ်သီးများက ကပေါက်သိ ကပေါက်ချာဖြစ်နေသည်။ ကုတင်ပေါ်မှ ပြန့်ကျဲနေသော စာအုပ်များကို အမောင်က လက်ညိုးထိုးပြီး
"ကဲ... လန်လန် ဒီစာအုပ်တွေကို ဘယ်ချိန်ကလွယ်အိတ်ထဲကိုထည့်လာတာလဲ"
အမောင့်၏အမေးစကားကို ထိုကလေးက ပြန့်ကျဲနေသော စာအုပ်များကိုပြန်စုရင်းဖြင့်
"မနက်က ထည့်ထားတာ မများပါဘူး ကိုကိုရဲ့6 အုပ်ထဲပါ"
ဆေးစာအုပ် အထူကြီ6းအုပ်ကိုကြည့်ရင်းအမောင်ဘာစကားပင်ပြန်ပြောရမှန်းတော့ပေ။
YOU ARE READING
ဤနွေမှစ၍နွေဦးကိုချစ်ခဲ့ရသည်(ဤနွမှေစနွဦေးကိုချစ်ခဲ့ရသည်)
Romanceရေသော်အမောင်+နွေဦးကြွေ နွေမှာတွေ့ပြီးချစ်ခဲ့ရတဲ့ကောင်လေးနာမည်ကနွေဦးတဲ့ ရသော်အမောင်+နွဦေးကြွေ နွမှောတွေ့ပြီးချစ်ခဲ့ရတဲ့ကောင်လေးနာမည်ကနွဦေးတဲ့