Part-(19) (Unicode)

242 13 1
                                    

"ဟ...ဖေ့သားကြီး အစောကြီးရောက်နေပါလား "

နွေဦးကိုကျောင်းပို့ပြီးမှကျောင်းကိုရောက်လာတက်တဲ့ အမောင်က ကျောင်းအမြဲနောက်ကျလေ့ရှိသည်။​အမောင်သည် ယနေ့မှာတော့ ကန်တင်း၏သူတို့သုံးယောက်ထိုင်နေကြဆိုင်တွင်အမောင်ကအရင်ရောက်နေသောကြောင့် လင်းရောင်ကြည်မှာအံသြစွာမေးလိုက်ပြီး အမောင်၏ဘေးတွင် ခုံတစ်ခုံဆွဲ၍ထိုင်တော့ မြူခိုးဝေက အမောင်၏မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်သည်။

"အင်း ဒီနေ့ ကလေးကလက်တွေ့ဆင်းရမှာမို့လို့ စောစောလိုက်ပို့ပေးလိုက်တာ"

အမောင်သည် လင်းရောက်ကြည်တို့နှင့်စကားပြောနေပေမဲ့ အမောင်၏စိတ်ဝိဉာဥ်များကအခြားနေရာသို့လွှင့်နေသည်။

"ဘာပြဿနာရှိလို့လည်း သားကြီး မျက်ခွက်ကလှမနေဘူး"

မြူခိုးဝေရဲ့ ဂွကျကျ စကားကြောင့် လင်းရောင်ကြည်ပင် ပြုံးစိစိဖြစ်သွားသော်လည်း အမောင်၏မျက်နှာမှာပို၍ပင်မှိုင်းညို့သွားလေသည်။ထိုအခါမှလင်းရောင်ကြည်က

"တကယ်ကြီး  ပြဿနာရှိနေတာလား "

"ဟူးး"

လင်းရောင်ကြည်ထိုသို့မေးလိုက်သည့်အခါ အမောင်ထံမှ သက်ပြင်းမောသံထွက်လာပြီး မျက်ဝန်းတွေမှလည်း မျက်ရည်များရစ်ဝဲလာသည်။

"ဟျောင့် အမောင် မင်းဒီလိုကြီးဖြစ်မနေနဲ့လေကွာ ပြော ငါတို့ကို ဘာဖြစ်တယ်ဆိုတာ"

မြူခိုးဝေ၏စကားကိုလင်းရောင်ကြည်ကလည်း ခေါင်းငြိမ့်ပြ၍ထောက်ခံနေသည်။

"မာမီက ငါ့ကိုပြောတယ် မနေ့က မနက်က ရှိန်းအက္ခထူးအမေ ဒေါ်မေဟန်နီထူး လာသွားပြီး သူ့သားနဲ့ လန်လန့်ကို နားလာဖောက်သွားတယ်တဲ့"

"ဘယ်လို အဲ့တာနဲ့ မင်းမာမီကဘာပြန်ပြောလိုက်လဲ"

လင်းရောင်ကြည်သည်မည်သည့်စကားတစ်ခွန်းမှ ဝင်မပြောပဲ ရသော်အမောင်နှင့်မြူခိုးဝေပြောသည့်စကားများကိုသာ တိတ်တဆိတ်နားထောင်နေသည်။

"မာမီက ကလေးကျောင်းပိတ်ရက်မှတစ်ခေါက်ထပ်လာပြီး ကလေးကို မေးကြည့်ဖို့နဲ့ ကလေးသာခေါင်းငြိမ့်မယ်ဆို မာမီကဘာမှပြောစရာမရှိဘူးဆိုတဲ့အကြောင်းပြောလိုက်တယ်တဲ့ ညကငါ့ကိုမာမီလာပြောပြသွားတာ"

ဤနွေမှစ၍နွေဦးကိုချစ်ခဲ့ရသည်(ဤနွမှေစနွဦေးကိုချစ်ခဲ့ရသည်)Where stories live. Discover now