Part-(27)(Unicode)

126 5 1
                                    

"ကြွေ ထတော့လေ ကားပေါ်ရောက်တာမှ ပြန်အိပ်တော့"

အချိန်အားဖြင့် မနက်5နာရီခွဲသာရှိသေးသော်လည်း အချို့က ရန်ကုန်ပြန်ရန် လူစုနေကြပြီဖြစ်သောကြောင့် နွေဦးကိုနှိုးနေရခြင်းဖြစ်သည်။ အမောင်က နွေဦးအိပ်နေသည့်ကုတင်ပေါ်သို့ တင်လွှဲထိုင်ကာ နွေဦးလက်မောင်းလေးတစ်ဖက်ကိုလှုပ်၍နှိုးနေသည်။ခဏအကြာထိုကလေးသည် အင်းအဲလုပ်ကာဖြင့် မျက်ဝန်းစိမ်းလေးများ အနည်းငယ်ပွင့်သွားပြီး အမောင့်ကိုတွေ့သည်နှင့် သွားထပ်ကလေးတစ်ဖက်ပေါ်သည်အထိပြုံးပြလာပြီး

"ကိုကို နိုးတာကြာပြီလား"

"နည်းနည်းတော့ ကြာပြီ "

တကယ်ဆိုလျှင် အမောင်သည် ညကတည်းက တစ်ရေးမှမအိပ်ရသေးတာဖြစ်သည်။

"ကဲ...ထတော့ အမူးသမားလေး ဟိုတယ်ရှေ့မှာလူစုနေကြပြီ မျက်နှာသွားသစ်တော့ ကိုယ် သိမ်းစရာရှိတာတွေ သိမ်းထားလိုက်မယ်"

ကုတင်ပေါ်မှ နွေဦးကထသွားပြီး ရေချိုးခန်းထဲဝင်သည်အထိ အမောင်ကလိုက်ကြည့်နေပြီး

မင်းရဲ့ နာကျင်မှုတွေကို ကိုယ်က အကုန်သိချင်ပေမဲ့ ကိုယ့်ကို ပြောပြရင်း နောက်တစ်ခေါက်ထပ်နာကျင်ရမှာကိုမလိုလားဘူး ကြွေ အဲ့တာကြောင့် ကိုယ်ဘာမှမသိလည်းဖြစ်တယ်။

***

"မင်းတို့ အိမ်တန်းပြန်မှာလား "

ကျောင်းကိုပြန်ရောက်ပြီး ကားပေါ်ကဆင်းသည်နှင့် မြူခိုးဝေကမေးသောကြောင့် ​အမောင်တို့သုံးယောက်မှ မြူခိုးဝေအား တအံတသြနှင့်ဝိုင်းကြည့်တော့ မြူခိုးဝေက ချောင်းဟန့်ကာ

"အဟမ်း ငါသွားစရာရှိလို့သွားနှင့်တော့မယ်"

မြူခိုးဝေကထိုသို့သာပြော၍ ထွက်သွားတော့မည့်အချိန်တွင် လင်းရောင်ကြည်က မြူခိုးဝေ၏ လက်ကို လှမ်းဆွဲလိုက်ပြီး

"မင်းမှာကားမပါဘူးမဟုတ်လား ဘယ်သွားမှာလဲ ငါလိုက်ပို့ပေးမယ်"

မြူခိုးဝေသည် လင်းရောင်ကြည်ဆွဲထားသည့် လက်ကို အားဖြင့်ပြန် ဆောင့်ဆွဲလိုက်ပြီး

ဤနွေမှစ၍နွေဦးကိုချစ်ခဲ့ရသည်(ဤနွမှေစနွဦေးကိုချစ်ခဲ့ရသည်)Where stories live. Discover now