Part -(2) (Unicode)

655 26 0
                                    

"မေမေ မေမေက လွန်ခဲ့တဲ့ 1နှစ်ကျော်လောက်က ဆုံးသွားပါပြီ အန်တီ မေမေက သား ဒုက္ခရောက်ရင် အကူညီတောင်းလို့ရတဲ့လူတွေရှိတယ်ဆိုပြီး လိပ်စာနဲ့စာထားခဲ့တာပါ"

မိခင်ဖြစ်သူအကြောင်းကို ခေါင်းငုံပြီး ပြောပြနေတဲ့ ကောင်လေးကို ဦးမြင့်မောင်မောင်စိတ်မကောင်းစွာ နဲ့ ကြည့်ပြီး ဇနီးဖြစ်သူကို ငဲ့ကြည့်တော့ မျက်ဝန်းထဲမှ မျက်ရည်များက ပါးပြင်သို့ တစ်လှိမ့်လှိမ့် ကျဆင်းနေပြီး ပြောစရာစကားများပင် ပျောက်ရှနေသည်ပုံ၊ထိုနောက်

"မြ မြကလေ ဆုံးပြီဟုတ်လား သား အဟင့်... ထွေးမယုံနိုင်ဘူး ကိုရယ် မြကလေ စိတ်ထားနူးညံတဲ့အမျိုးသမီးလေးပါ ကိုရယ်"

သူသိပ်သိတာပေါ့ ဒီအမျိုးသမီးလေးကို လွန်ခဲ့တဲ့ 6နှစ် 7နှစ်တုံးက ပဲခူးဖက်က ဦးမြင့်မောင်မောင်ရဲ့ ညီဝမ်းကွဲလေး၏ မင်္ဂလာဆောင်မှာ စသိခဲ့ရတဲ့အမျိုးသမီးလေး ခဏတာလေးဆိုပေမဲ့ ထိုအမျိုးသမီးလေးကို မြလို့ခေါ်ပြီး ညီမအရင်းလေးတစ်ယောက်လို သူခင်တွယ်ခဲ့ရသည်။ မြဟုခေါ်ဆို ထိုမိန်းမလှလေး၊ သိပ်ကိုနူးညံတဲ့ ထိုအမျိုးသမီးလေးက အိမ်ထောင်ရေး ကံမကောင်းရှာဘူး အလိုမတူပဲ ပေါင်းသင်းနေရ သည့်အပြင် ယောင်္ကျားဖြစ်သူ၏ မူးလာတိုင်းနှိပ်စက်သည့် ဒဏ်ကိုလည်း ခံရသေး၏ ထိုအကြောင်းတွေ သူ့ကိုပြောပြတော့ ဂရုဏာစိတ်ဖြစ် "ကွာလိုက်ပါတော့လား မြရယ်" လို့ပြောတော့ မျက်ရည်များကျ၍ "ထွေးရယ် ဒီဘဝမှာပဲဝဋ်ကြွေးအကုန်ဆပ်ပါရစေတဲ့ သားလေးကိုလည်း ဖအေကွဲမအေကွဲမဖြစ်စေချင်ဘူး"တဲ့လေ ထိုအမျိုးသမီးလေးက အငိုမျက်လုံး အပြုံးမျက်နှာလေးနဲ့ သူအဆင်အဆက်‌ပြေအောင်နေတက်ကြောင်း အကြိမ်ကြိမ် ပြောခဲ့သည့်ထိုအမျိုးသမီး၏ မျက်နှာလေးကို ပြန်မြင်ရောင်လာ၍ မျက်ရည်များကျမိသူမှာ ဒေါ်ဝင့်ဝါထွေးပင်ဖြစ်သည်။

ဦးမြင့်မောင်မောင်လည်း မျက်ရည်များကျဆင်းကာ စိတ်မကောင်းခြင်းများစွာဖြစ် ပြောနေသော ဇနီးဖြစ်သူကို "ကိုယ်သိပါတယ် ထွေးရယ်" စကားမှအပမပြောနိုင်ခဲ့ပါ။ သူသည်လည်း ထွေးနှင့်ထပ်တူ စိတ်မကောင်း၊ဝမ်းနည်းရပါတယ်။

ဤနွေမှစ၍နွေဦးကိုချစ်ခဲ့ရသည်(ဤနွမှေစနွဦေးကိုချစ်ခဲ့ရသည်)Where stories live. Discover now