Part-(33)(Unicode)

167 9 4
                                    

"ငါကတစ်ယောက်ထဲနေတာ ငါရေချိုးမဲ့အချိန်ငါ့ကို ကူပေးမဲ့လူမရှိဘူး အဲ့တော့ မင်း ငါနဲ့ တစ်ပတ်လာနေ"

"ခင်ဗျာ...!"

အမောင်ဘာစကားမှဆက်မပြောသေးပဲ ထိုကလေး ဘာဆက်ပြောမလဲသာ စောင့်ကြည့်နေလိုက်သည်။အချိန်အတော်အတန်ကြာသည်အထိထိုကလေးထံမှ ဘာအသံမှထွက်မလာပဲ တစ်ခုခုကို အလေးအနက်ထားပြီး စဉ်းစားနေသည့်ဟန် မျက်မှောင်များကိုလည်း ကြုံ့ထားသေးသည်။

"မသွားသေးဘူးလား ငါနားချင်နေပြီ"

"လိပ်...လိပ်စာပြော ကျွန်တော်လိုက်ပို့ပေးမယ်"

အမောင်လိပ်စာပြောပြီးသည်နှင့် ထိုကလေးက ကားကိုလိပ်သွားနည်းထပ်ပိုမြန်သည့်အရှိန်ထပ်မောင်းနေသောကြောင့် ခုံကိုမှီပြီး မျက်လုံးကိုအသာမှိတ်ထားလိုကါသည်။

***

"ဒီက..ရောက်ပြီဗျ"

အမောင်ထိုကလေးရဲ့ အသံကြောင့်မျက်လုံးဖွင့်ကြည့်လိုက်တော့ သူနေသည့် condo၏ ကားပါကင်ကိုပင်ရောက်နေပြီဖြစ်သည်။ထိုကလေးဟာ ကားပေါ်မှအရင်ဆင်း၍သူ့ကိုတွဲကာ 7လွှာတွင်ရှိသော သူ့အခန်းသို့ ဓာတ်လှေကားဖြင့် တက်သွားပြီး အခန်းဝတွင် အမောင်လျှိုဝှက်နံပါတ်ရိုက်ပြီးသည်နှင့် အခန်းထဲကိုဝင်၍ ဧည့်ခန်းတွင် သူ့ကိုထိုင်စေပြီး

"ကျွန်တော်အိမ်ခဏပြန်လို့ ရမလား...ပြီးတော့"

စကားကိုဆက်မပြောပဲ စဉ်းစားသည့်ဟန်ဖြင့် ငြိမ်သွားသော ထိုကလေးကို အမောင်ကသူ၏မျက်ဝန်းနက်နက်များဖြင့် သေချာစိုက်ကြည့်၍

"ပြီးတော့ ဘာဖြစ်လဲ ဆက်ပြောလေ"

နွေဦးသည်သူ၏စဉ်းစားခန်းထဲတွင် နောက်အပတ်ထဲမှ ဩဇီကို အလုပ်ကိစ္စဖြင့် သွားသည့် သူရိန်ထက်မြက်ပြန်လာမည်ဖြစ်သောကြောင့် ဒီတစ်ပတ်အတွင်း သူဒီလူ့ကို လူနာစောင့်လုပ်ပေးလည်း ပြဿနာမတက်သွားနိုင်လောက်ပါ။သူ၏ Duty Time နဲ့ Night Duty တွေကို သူအပြတ်မခံနိုင်ပါ။ထို့အတွက်ကြောင့်

"ကျွန်တော် Night Duty ရှိတဲ့ညတွေကိုတော့ခင်ဗျားကို စောင့်ပြီးမအိပ်ပေးနိုင်ဘူး မနက်ပိုင်းတွေ..."

ဤနွေမှစ၍နွေဦးကိုချစ်ခဲ့ရသည်(ဤနွမှေစနွဦေးကိုချစ်ခဲ့ရသည်)Where stories live. Discover now