Part-(8)(Unicode)

502 27 4
                                    

အမောင်နိုးလာတော့ ဘေးနားကနေရာကို လက်ဆန့်ကြည့်တော့ ဟိုကလေးမရှိတော့ပါ။

သူသေချာပြန်တွေးကြည့်မှ ညက သူ့ နှင့် ဟိုကလေး၏အကြောင်းတွေးရင်းနှင့်အိပ်ပျော်သွားခြင်းပင်ဖြစ်သည်။

ကျောင်းသွားရန်အဆင်သင့်ပြင်ပြီး ထမင်းစားခန်းရှိရာအောက်ထက်ကိုဆင်းလာတော့ လူစုံနေပြီဖြစ်သည်။

"သားအမောင်လာ "

မာမီကသူထမင်းစားခန်းထဲဝင်လာတာတွေ့တော့ ဟိုကလေးဘေးတွင်နေရာချပေးသည်။

"နွေးဦး ကျောင်းမှာစာလိုက်နိုင်ရဲ့လား"

"ဟုတ်လိုက်နိုင်ပါတယ် အန်ကယ်လ်"

"မလိုက်နိုင်တဲ့စာတွေ မသိတဲ့စာတွေပြန်မေးဖို့ စနေနေ့တစ်ရက်ကိုကျူရှင်ယူလိုက်နော်သား"

"အာ..ရတယ်အန်ကယ်လ် သားလိုက်နိုင်ပါတယ်"

တကယ်လည်း စာတွေကိုနွေဦးလိုက်နိုင်ပါသည်။ သို့သော်သူကျူရှင်လည်းယူချင်ပါသေးသည် ဒါပေမဲ့ ကျောင်းထားပေးတာနဲ့တင် အန်ကယ်လ်နဲ့အန်တီ၏ကျေးဇူးများကို မည်သို့မည်ပုံဆပ်ရမည်မသိပါ။

"အန်ကယ်လ်တို့ကို အားမနာနဲ့ ဒီအပတ်စနေနေ့သွားတက်လိုက်​ မင်းအကို ကိုလိုက်ပို့ခိုင်းလိုက်မယ်"

မနက်စာဝိုင်းထဲတွင် ဒယ်ဒီ၊မာမီ၊မမနှင့်မမငယ်တို့၏အလုပ်အကြောင်းတချို့ကိုနားထောင်ရင်းဖြင့်ပင်ကုန်ဆုံးခဲ့ရသည်။

***

"ကိုကို"

ကျောင်းသွားရန် ကားပေါ်တက်ပြီးသည်နှင့် သူ့ကိုခေါ်လာသည့် ဟိုကလေးကို သူလည်းကားပေါ်တက်ရင်းနှင့်မေးဆတ်ပြလိုက်ပြီး ဆေးသက္ကသိုလ်(2)ရှိရာ ဦးတည်မောင်းလာခဲ့သည်။

"သားကိုဘာလို့ညကမနှိုးတာလဲ ပြီးတော့ ညကမမသိသွားတယ် သိလား"

"မင်းကို ငါနှိုးတာမှ 7အိမ်ကြား8အိမ်ကြားပဲ အိပ်နေတာလား သေနေတာလား မသဲကွဲဘူး မမသိသွားတယ်ဆိုလည်း စောင့်နေပေါ့ မပြောလိုက်ချင်ဘူး"

ကားမောင်း​နေရင်းပင် ထိုကလေးဘက်လှည့်၍ ပြောလိုက်တော့ လန်နေတဲ့နှုတ်ခမ်းက အရှေ့သို့ပိုထော်လာ၍

ဤနွေမှစ၍နွေဦးကိုချစ်ခဲ့ရသည်(ဤနွမှေစနွဦေးကိုချစ်ခဲ့ရသည်)Where stories live. Discover now