Part-(22) (Zawgyi)

54 1 0
                                    

"ကိုယ့်ကို အခု ပြန်ချစ်ပေးနိုင်မလား"

"..."

"မဟုတ်သေးဘူး ကိုယ့်ကိုအခုကစပြီးချစ်ပေးလို့ရမလား"

"သားကယောက်ျားလေးတစ်ယောက်နော် ကိုကို "

"ကိုယ်သိပါတယ် နွဦေးကြွေဆိုတာ ယောက်ျားလေးတစ်ယောက်မှန်း"

"ဒါတောင် ကိုကိုက သားပြန်ချစ်တာကို လိုချင်သေးတာလား ပြီးတော့ သားက ကိုကို့အတွက်ဘာမှ ဘာဆိုဘာမှ မလုပ်ပေးနိုင်ဘူးနော် ရှေ့လျှောက်ရင်ဆိုင်ရမဲ့အခက်အခဲတွေအတွက် သားကြောက်တယ်"

အမောင်သည်နွဦေး၏မေးရိုးမှပင့်ကိုင်ထားသော သူ၏လက်ကိုရုတ်လိုက်ပြီး လက်တစ်ဖက်တည်းဖြင့် စုကိုင်ထားသော့ နွဦေး၏လက်ဖျားလေးတွေကို ညင်သာစွာ ပြန်လည် ထွေးပွေးလိုက်ပြီး

"ကိုယ်ရှိတယ်လေ ကြွေကကိုယ့်အတွက်ဘာမှမလုပ်ပေးနိုင်လည်း ကိုယ်အဆင်ပြေတယ်။ကိုယ်တို့အဆင်မပြေမှုတွေအများကြီးကျော်ဖြတ်ရအုံးမယ်ဆိုတာလဲ ကိုယ်သိတယ် အခက်အခဲတွေအများကြီး ရင်ဆိုင်ရမယ်ဆိုတာကိုလဲ ကိုယ်ကြိုတွေးထားပြီးသားပါ ကိုယ်က မင်းကို အဆုံးထိကာကွယ်ပေးမှာပါ ပြီးတော့ နွဦေးကြွေဆိုတာ ယောက်ျားလေးဖြစ်စေ မိန်းကလေးဖြစ်စေ နွဦေးကြွေဖြစ်ဖို့က အဓိကပါ ကိုယ်မြတ်နိုးမိတာ နွဦေးကြွေဆိုတဲ့ဖြစ်တည်မှုလေးပါပဲ အဲ့တာကြောင့် အနာဂတ်ကအဆင်မပြေမှုတွေကို ကြွေကကြိုတွေးပြီးကြောက်နေ
စရာမလိုဘူး ကိုယ်ကအပြောနဲ့ပဲမဟုတ်ပဲ ကြွေယုံအောင် အလုပ်နဲ့သက်သေပြမှာပါ ကြွေအခုတွေးရမှာက ကိုယ့်ကိုချစ်ဖို့ပဲ ကိုယ့်ပြောတာ ကြွေနားလည်တယ် မဟုတ်လား"

"...''

ထိုစကားကြောင့် နွဦေး၏နှုတ်ခမ်းလေးသည် ပြုံးရိပ်သန်းသွားပြီး အမောင်ကိုခေါင်းညိတ်ပြပါသည်။အမောင်ကပဲဆက်၍

"ဒါဆို ကိုယ့်ကို ချစ်ပေးနိုင်မယ် မဟုတ်လား"

နွဦေးသည် ဆက်၍ခေါင်းညိတ်ပြပါသည်။အမောင်၏မျက်နှာသည် ကြည်နူးရိပ်များထင်ဟက်နေသည်။သို့သော် သူဤမျှလောက်ဖြင့်မကျေနပ်နိုင်သေးပါ။အမောင်သည် သူထွေးပွေးထားသည့် နွဦေး၏ လက်ကလေးကိုလွတ်၍ မေးဖျားလေးကို သူ၏လက်ဖြင့် ဆုတ်ကိုင်လိုက်၍ အကြည့်ချင်းဆုံစေပြီး

ဤနွေမှစ၍နွေဦးကိုချစ်ခဲ့ရသည်(ဤနွမှေစနွဦေးကိုချစ်ခဲ့ရသည်)Where stories live. Discover now