Part-(35)(Unicode)

132 9 3
                                    

အချိန် နှင့် ဒီရေသည် လူကိုမစောင့်ဆိုသည့် စကားအတိုင်း အမောင့်နဲ့ထိုကလေး တစ်မိုးအောက်ထဲအတူနေရသည်မှာ ဒီနေ့သည် နောက်ဆုံးဖြစ်သည်။တစ်ပတ်ဆိုသည့်အချိန်အတိုင်းအတာအတွင်း အမောင့်၏လက်သည်လည်း အတော်လေး သက်သာနေပြီဖြစ်သည်။ဒီနေ့မနက်တွင်လည်း အရင်နေ့များကဲ့သို့ ထိုကလေးသည် သူ့အတွက်မနက်စာပြင်ပေးနေပါလိမ့်မည်။အမောင် company သွားရန်ပြင်ဆင်ပြီးသည် နှင့်တစ်ပြိုင် ထိုကလေးသည်လည်း ဆေးရုံသွားရန် အဆင်သင့်ဖြစ်နေလိမ့်မည်။အမောင့် မသက်သာခင်ကသာ အမောင့်၏ကားဖြင့် ထိုကလေးသည် company ကို လိုက်ပို့ပေးပြီး အပြန်ကိုလည်း ပြောစရာမလိုအောင် လာကြိုပေးပါသည်။ဆရာဝန်ပီပီ သူ့လက်သက်သာလာသည်ကိုသိသည်နှင့် ထိုကလေးသည် သူ့ကိုလိုက်မပို့ပေးတော့သလို လာလည်း မကြိုပေးတော့။Night Duty ရှိသည့်ရက်ဆိုလျှင်လည်း မနက်ကတည်းကကြိုပြောသွားသည်။ထိုကလေးသည် အမောင့်နှင့် နေသည့် တစ်ပတ်လုံး လိုအပ်သည့်စကားသာပြောပြီး အခြားအပိုမပြောသည်မှာ တကယ်ပဲ ဩချစရာ။

"ကျွန်တော် ဒီည Night Dutyရှိလို့ ပြန်မအိပ်တော့ဘူး ပြီးတော့ ဒီကပစ္စည်းတွေပါ တစ်ခါတည်းယူသွားမယ်နော် လက်ကသက်သာနေပြီမို့ စိတ်ချလို့ရပါပြီ"

နွေဦး၏စကားသံကိုကြားသည် နှင့်အမောင်၏ အချိုးကျလှသောမျက်ခုံးတန်းထူထူတို့ ထိစပ်လုမတက်စုကျုံးသွားသော်လည်း ဘာစကားမှတော့မပြော။နွေဦး စားပွဲပေါ်ချပေးထားသည့် မနက်စာကိုသာ စားနေသောကြောင့် နွေဦးလည်း ဆေးရုံသွားဖို့ ပြင်ဆင်ရန် နှင့် သိမ်းစရာရှိတာ သိမ်းရန် Kitchen room ထဲမှထွက်သွားသည်။

Raing Raing...

📞ဟျောင့်... အမောင် ကံတရားက ငါတို့ဘက်မှာကွ

ဖုန်းကိုင်လိုက်သည်နှင့် မြူခိုးဝေရဲ့ အသံစူးစူးကြောင့် အမောင်ဖုန်းကိုနားနဲ့ဝေးဝေးကိုခွာကြည့်လိုက်တော့ contact nameက လင်းရောင်ကြည်၏ နာမည်ဖြစ်နေသည်။ဒါသည် အမောင့်အတွက်မထူးဆန်းတော့ပါ။မြူခိုးဝေသည် လင်းရောင်ကြည်နှင့်ချစ်သူဖြစ်ကတည်းက လင်းရောင်ကြည်၏ အသုံးအဆောင်အတော်များများကို မောင်ပိုင်ဆီးထားတက်သည်။

ဤနွေမှစ၍နွေဦးကိုချစ်ခဲ့ရသည်(ဤနွမှေစနွဦေးကိုချစ်ခဲ့ရသည်)Where stories live. Discover now