Part-(23)(Unicode)

218 13 2
                                    

အပိုတွေကို မဆိုတတ်ဘူး
သာမာန်လူ တစ်ယောက်မို့လေ
တကယ်ပါကြွေရယ် ကိုယ်ကတော့
ချစ်တာ တစ်ခုတည်းသိတယ်..
အိုး..အို
တကယ်ပါကြွေရယ် ကိုယ်ကတော့
ချစ်တာ တစ်ခုတည်းသိတယ်...🎼

'မေ'နေရာမှာ 'ကြွေ'ဟုအစားထိုးဆိုနေသော အမောင်ကြောင့် နွေဦး၏မျက်နှာလေးသည်ရုတ်ချီ သွေးရောင်လွှမ်းသွားသည်။

အမောင်ဆို‌နေသည့် သီချင်းပြီးသွားသည်ကြောင့် ဂစ်တာလေးကိုဘေးတွင်ထောင်လိုက်ပြီး နွေဦးဘက်လှည့်ကြည့်၍ သူ၏မူပိုင်သွားစွယ်များပေါ်သည်အထိအပြုံးနုနုတွေနှင့် အမောင့်အပြုံးတွေက လတ်ဆတ်လှသည်။

"ကြွေ ဘာဖြစ်နေတာလဲ"

ထိုကလေးသည် အမောင်ကိုပင်မလှည့်ကြည့်ပဲ

"ဘာ...ဘာမှမဖြစ်ပါဘူး"

"ကြွေ ရှက်နေတာလား"

အမောင်၏ ဒုတိယမေးခွန်း မေးသည်အထိထိုကလေးသည် အမောင့်ကိုလှည့်မကြည့်ပါပဲ

"မ...မ...မဟုတ်ပါဘူး"

"အဟမ်းးဒါဆို ဘာလို့ မျက်နှာက ပန်းသီးနီလေးလိုဖြစ်နေတာလဲ"

ထိုအခါမှ ထိုကလေးသည် လှည့်ကြည့်သည်။နွေဦး၏မျက်ဝန်းစိမ်းလေးများက တည်ငြိမ်မှုမရှိနေပါသော်လည်း အမောင်သည် နွေဦး၏မျက်ဝန်းစိမ်းလေးများကို အကြည့်ချင်းမဆုံ ဆုံအောင် ညို့အားပြင်းသည့် မျက်ဝန်းများနှင့်ကြည့်နေသည်။

"ဟို ဟိုဟာ...လေ ဟုတ်တယ် လေအရမ်းတိုက်နေလို့"

"အဟားးးဟုတ်ပါပြီကွာ လူလိမ်လေး"

လေထုဟာပြန်လည် ငြိမ်သတ်သွားသည်။နွေဦးသည် ခြံထဲမှ ပန်းခင်းကြီးကိုကြည့်နေသကဲ့သို့ အမောင်သည်လည်း နွေဦး၏ မျက်ဝန်းစိမ်းလေးကို ကာရံထားသည့် မျက်တောင်ရှည်ရှည်စင်းစင်းလေးများကို ရေတွက်လို့နေသည်။

နွေဦးသည် ပန်းခင်းကြီးထံမှ အကြည့်မလွှဲပဲ

"ကိုကို"

"ကိုယ်နားထောင်နေတယ် ကြွေ"

"ကိုကိုကကျောင်းပြီးတော့မှာနော် ကျောင်းပြီးရင် ဘာဆက်လုပ်မှာလဲဟင်"

ဤနွေမှစ၍နွေဦးကိုချစ်ခဲ့ရသည်(ဤနွမှေစနွဦေးကိုချစ်ခဲ့ရသည်)Where stories live. Discover now