Part-(9)(Unicode)

336 15 0
                                    

ဒီနေ့က ကျောင်းပိတ်ရက်ဖြစ်တာကြောင့် အမောင်အပြင်လည်းမသွားချင်တာနဲ့ မစီးတာကြာပြီ ဖြစ်တဲ့ စကိတ်လေးစီးမည်ဟုတွေးကာ အောက်ထပ်သို့ဆင်းလာခဲ့သည်။

အောက်ထပ်ရောက်တော့ ထမင်းစားခန်းထဲဝင်ကာရေသောက်ရင်း ဟိုကလေးကိုရှာကြည့်လိုက်သည်။ဟော...တွေ့ပါပြီ မိညိုနဲ့ဘာတွေပြောပြီ ရီနေလည်းမသိဘူး သွားထပ်လေးတွေပေါ်ပြီး မျက်ဝန်းစိမ်းလေးတွေပါ မှိတ်ကျလို့ မိညိုကိုမနာလိုလိုက်တာ။

"ဟဲ့... မိညို ဘာလုပ်နေတာလဲ ဟိုကလေးကရော ဒီနေ့စနေနေ့မဟုတ်ဘူးလား ကျူရှင်မသွားပဲနဲ့ ဒီမှာဘာလာလုပ်နေတာလဲ"

အမောင်ခပ်တည်တည်​ ငေါက်လိုက်တာနဲ့ အရင်ကတည်းကသူ့ကိုတွေ့တာနဲ့အယောင်ယောင်အမှားမှာဖြစ်တက်တဲ့မိညိုက လစ်ခနဲပျောက်သွားသည်။ထမင်းစားခန်းထဲမှာ သူနှင့် ဟိုကလေးပဲကျန်နေတော့သည်။

"ကျူရှင်က ညနေမှသွားရမှာပါ ကိုကို"

အမောင်ဘာမှမပြောပဲခေါင်းငြိမ့်ကာလှည့်ထွက်ပြီး နွေဦးမမြင်အောင် ပြုံးလိုက်မိသည်။သူ့ရဲ့အဓိကရည်ရွယ်ချက်က ထိုကလေးနှင့် မိညိုလူစုကွဲသွားဖို့ပင်ဖြစ်သည်။ထမင်းစားခန်းထဲကထွက်ပြီးဧည့်ခန်းထဲကိုကြည့်တော့ ဒယ်ဒီက သတင်းစာဖတ်နေပြီး မာမီနဲ့မမတို့က ခေါင်းချင်းဆိုင်ပြီးဘာတွေအလောတကြီးဆွေးနွေးနေလည်းမသိ။မငယ်ကသူ့ကိုမြင်တော့ အသာအယာပြုံးပြီး

"အမောင် ဘယ်လဲ"

"ကျွန်တော် စကိတ်သွားစီးမလို့မငယ်"

သူပြောသံကြားတော့ မငယ်ကထလာပြီး

"ကလေးငယ်ကိုလည်း သင်​ပေးလိုက်ပါ
လား"

"ရှုပ်ရှုပ်ရှပ်ရှပ် "

"ဟဲ့...နေအုံးလေ"

အမောင် ​မငယ်စကားတောင်နားမထောင်ပဲ သူ့ရဲ့Favတွေစုထားတဲ့ ဂိုဒေါင်ကိုသာထွက်လာခဲ့လိုက်သည်။ဒယ်ဒီနဲ့သာမတည့်တာ ဒယ်ဒီကသူပူဆာသမျှကိုတော့ဝယ်ပေးရှာသည်။fav colour အညိုဖြစ်သည့်အလျောက် အမောင်ရဲ့ပစ္စည်းအများစုကအညိုရောင်တွေဖြစ်နေတက်သည်။သူဂိုဒေါင်ထဲရောက်တော့ သူ့ရဲ့favတွေကိုကြည့်ပြီးပြုံးမိပြန်သည်။ ပြိုင်ကားအညိုရောင်ဘေးနားမှာရပ်ထားသည့်ဆိုင်ကယ်အမဲလေး၊ဆိုင်ကယ်အမဲဘေးနားမှာရပ်ထားသည့်ပြိုင်ဘီးအညိုရောင်လေး ၊စကိတ်အမဲ၊အဖြူနှင့်အညိုရောင်3ခုကိုလည်းယှဥ် ၍နရံမှာ​ထောင်ထားသေးသည်။ဖိနပ်စကိတ်တွေကိုတော့ သူ့မုန်ဖိုးနဲ့စိတ်ကူးပေါက်ရင်ပေါက်သလောက်ဝယ်ထားသောကြောင့် ဖိနပ်စကိတ်ပေါင်းအရံ20လောက်ရှိသည်။ဖိနပ်စကိတ်တွေကိုတော့ စင်နှင်အစီအရီထားထားသည်။စကိတ်အညိုရောင်လေးတစ်ခုကိုယူ၍ အမောင်လည်း အပြင်ပြန်ထွက်လာသည်။

ဤနွေမှစ၍နွေဦးကိုချစ်ခဲ့ရသည်(ဤနွမှေစနွဦေးကိုချစ်ခဲ့ရသည်)Where stories live. Discover now