Part-(11)(Unicode)

305 14 6
                                    

"ချာတိတ် ကိုယ့်ခြေထောက်ကိုတက်နင်းထားတယ်"

နွေဦးနောက်ကထွက်လာတဲ့ သြရှရှအသံကြောင့် နွေဦးလန့်သွားရသည်။

"အာ့..."

နွေဦးလန့်ပြီး နောက်ကိုဆုတ်ရင်းနှင့် ကိုယ့်ခြေထောက်ကိုယ် ပြန်ခလုတ်တိုက်ပြီးလဲသွားသည်ကို ထိုလူကြီးက အသာထူရင်း

"ချာတိတ်အဆင်ပြေရဲ့လား ဘယ်နားနာသွားသေးလဲ"

"သား..မဟုတ် ကျွန်တော်အဆင်ပြေပါတယ် ခွင့်ပြုပါအုံး"

"ဟင်..မျက်ဝန်းစိမ်းတွေ"

သူရိန်ထက်မြတ်မျက်ဝန်းစိမ်းတွေမြင်ပြီး ထိုကောင်လေးရဲ့လက်ကိုလှမ်းဆွဲသော်လည်း မမှီလိုက်ပါ။

တကယ်ဆို ဒီနေ့မွေးနေ့ပွဲဟာ သူရိန်ထက်မြတ် ရဲ့ 26နှစ်ပြည့်မွေးနေ့ပင်ဖြစ်သည်။မြန်မာနိုင်ငံရှိလူငယ်လုပ်ငန်းရှင်များထဲမှ သူရိန်ထက်မြတ်သည်အောင်မြင်မှုအများဆုံးရထားပြီး သူရိန်ထက်မြတ်၏အချစ်ရေးကိုလည်း လူအများစုက စိတ်ဝင်စားနေကြသည်။သူ၏မွေးနေ့တွင်လုပ်ငန်းရှင်အများစုက သူတို့ရဲ့သမီးအများစုနှင့်မိတ်ဆက်ပေးပြီး သားရေးသမီးရေးအကြောင်းများဆွေးနွေးကြမည်ကိုသူသိနှင့်နေချိန်မီဒီယာသမားများကလည်း သူ၏အိမ်ထောင်ရေးနှင့်ပတ်သတ်သည့် မေးခွန်းများကို သူ၏အမေဖြစ်သူကို မေးမြန်းနေချိန်တွင် သူရိန်ထက်မြတ်လူသိပ်မရှိသည့် အပင်ကြီးများသာစိုက်ထားသည့် အမှောင်ကျသည့်နေရာသို့ လစ်ထွက်လာခဲ့သည်။ သူရောက်ပြီး သိပ်မကြာခင် ကောင်လေးတစ်ယောက်သည်လည်း သူရပ်နေသည့်နေရာသို့ပြေးလာ၍သူ့ခြေထောက်ကိုတက်နင်းပြီးဟိုကြည့်ဒီကြည့်လုပ်၍သက်ပြင်းမောများချနေသေးသည်။သူ့ခြေထောက်တက်နင်းထားကြောင်းပြောတော့ ထိုကောင်လေးသည်လန့်ပြီး လဲသွားသေးသည်။ သူလည်း အသာထူပေးလိုက်သည်။ထိုကောင်လေးကအဆင်ပြေကြောင်းပြောပြီး မော့ကြည့်ပြီးပြေးထွက်သွားပြန်သည်။

ခုနကသူတွေ့လိုက်တာဘာလဲ မျက်ဝန်းစိမ်းလေးတွေ လွန်ခဲ့တဲ့ 5နှစ်ကတွေ့ခဲ့ရသည့်မျက်ဝန်းစိမ်းလေးများနှင့်တူလွန်းသည်။သူဘယ်လောက်ရှာရှာ မတွေ့တော့သည့် မျက်ဝန်းစိမ်းလေးများ၊ထပ်မတွေ့ရတော့ဘူးဟုသတ်မှတ်ထားသည့် မျက်ဝန်းစိမ်းများကို သူထပ်ပြီး လက်မလွှတ်ချင်တော့ပါ။သူလည်း ဘောင်းဘီအိတ်ထဲထည့်ထားသည့်ဖုန်းကိုထုတ်၍

ဤနွေမှစ၍နွေဦးကိုချစ်ခဲ့ရသည်(ဤနွမှေစနွဦေးကိုချစ်ခဲ့ရသည်)Where stories live. Discover now