Part-(29)(Unicode)

136 5 0
                                    

"ကိုကို..."

"ဟင်အင်း မဟုတ်ဘူး...မဖြစ်နိုင်တာ"

အမျိုးသမီး၏ကိုယ်ပေါ်တွင်အုပ်မိုးထားသည့်လူသည် သူသိသောလူမဟုတ်ပါစေနဲ့ဟု ဆုတောင်းနေမိသည်။သို့သော်သူ၏ ဆုတောင်းများကမပြည့်ဝခဲ့ပါ။ထိုအုပ်မိုးထားသောလူသည် နွေဦးရှိရာဘက်သို့လှည့်လာသောအခါ အုပ်မိုးခံထားရသော အမျိုးသမီးသည် လွန်ခဲ့သောရက်ပိုင်းက ကားပေါ်တွင်သူ့ဘေးနားလာထိုင်ခဲ့သောအမျိုးသမီးပင်ဖြစ်ပြီး ထိုအုပ်မိုးထားသောလူသည်လည်းပဲ သူအားကိုးစွာလိုက်ရှာနေမိသောလူပင်ဖြစ်သည်။ထိုကြောင့်ဖိတ်ခေါ်ထားခြင်းမရှိသည့် မျက်ဝန်းစိမ်းထဲမှ မျက်ရည်များသည် ပြင်ပမှအငြိုးကြီးစွာရွာနေသောမိုးများကဲ့သို့ ပါးပြင်ထက်သို့အရှိန်ပြင်းစွာဖြင့် ပြိုကျလို့လာသည်။နွေဦးသည် ထိုသူနှစ်ဦးလုံး၏မျက်နှာများကို မြင်ရသည်နှင့် ထိုသူများနှင့်ဝေးရာ club အပြင်သို့သာပြေးထွက်လာမိတော့သည်။

"ဘုတ်..."

"အင့်"

နွေဦး club အတွင်းမှ အပြင်သို့အထွက်လူတစ်ယောက်ကိုဝင်တိုက်မိသွားသောကြောင့် ဖင်ထိုင်လျက်ပြုတ်ကျသွားရသည်။ပြုတ်ကျသွားသည်နှင့်ချက်ချင်းပြန်ထကာ clud အပြင်သို့သာပြေးထွက်လာမိတော့သည်။ သူဝင်တိုက်မိသည့်သူသည် ဘယ်သူဘယ်ဝါမှန်းသူမသိသလို တောင်းလည်းမတောင်းပန်နိုင်ခဲ့ပါ။သို့သော် သူဝင်တိုက်မိလာသည့်လူသည်

"နွေဦးးးနွေဦးး"

နွေဦးဟူသော သူ၏အမည်နာမကိုတစ်သွင်သွင်ခေါ်နေပါသော်လည်းသူလှည့်မကြည့်ပဲ clubအပြင်သို့သာပြေးထွက်လာမိသည်။မုဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသကဲ့သို့ နွေဦး clud အပြင်ရောက်သည်နှင့် အငြိုးကြီးစွာရွာတွန်းနေသည့်မိုးထဲသို့ပြေးထွက်လာမိကာ ခြေဦးတည့်ရာလျှောက်ပြေးရင်း မိုးနှင့်အပြိုင် သူ၏မျက်ဝန်းစိမ်းထံမှမျက်ရည်တို့သည်လည်း ရွာသွန်းနေသည်။

***

ရသော်အမောင်နှင့် club လာရင်း အိမ်ကဖုန်းဆက်လာသောကြောင့် လင်း​ရောင်ကြည်club အပြင်သို့ဖုန်းထွက်ပြောပြီး ပြန်အဝင်တွင် club အတွင်းမှ ပြေးထွက်လာသော အဖြူရောင်အရိပ်ကလေးကသူ့ကိုဝင်တိုက်ပြီးဖင်ထိုင်လျက်လဲကျသွားသောကြောင့် သူထူပေးရန်လက်အလှမ်းတွင် ထိုကောင်လေး၏မျက်ဝန်းစိမ်းအတွင်းမှ မျက်ရည်များက အတားအဆီးမဲ့စွာစီးကျနေပြီး သူထူပေးသည်ကိုပင်မစောင့်ပဲ ​ဇက်ခနဲ့ထပြေးသွားသော ထိုကောင်လေးကြောင့်

ဤနွေမှစ၍နွေဦးကိုချစ်ခဲ့ရသည်(ဤနွမှေစနွဦေးကိုချစ်ခဲ့ရသည်)Where stories live. Discover now