Part-(30)(Unicode)

189 8 4
                                    

နွေဦးကဗျာ

မင်းမရှိတော့ နွေဦးကမပြည့်စုံတော့ဘူး။
အချစ်ကြောင်းလည်း မတွေးနိုင်
အရက်​ကြောင်းလည်း မပြောနိုင်
ပွင့်နေကျပန်းတွေလည်း မပွင့်နိုင်တော့သလို
ကြည့်နေကျရုပ်သံလိုင်းတွေကိုလည်း မျက်နှာလွှဲထားရတယ်။
လမ်းတွေကိုလည်း သတိကြပ်ကြပ်ထားပြီးလျှောက်နေရတယ်လေ။
မြတ်နိုးရသူ နွေဦးပျော်နေပါစေလို့ပဲ ဆုတောင်းနေမိတော့တယ်။

***

6နှစ်ကြာပြီးနောက်

မွေးရပ်မြေကို စွန့်ခွာခဲ့သည်မှာ 6နှစ်ခန့်ရှိခဲ့ပြီဖြစ်သည်။switzerland နိုင်ငံ၏နွေဦးရာသီမနက်ခင်းသည် နွေးထွေးလို့နေပြီး ဤ6နှစ်လုံး၏ နွေဦးရာသီတိုင်းသည် လမ်းခွဲစကားပြောထွက်ခဲ့သည့်ကောင်လေးကိုမနာကျည်းနိုင်ပဲမြတ်နိုးစိတ်တို့သာတက်ကာ သတိတရလွမ်းဆွတ်နေတက်သည်။သူ၏ ဤ6နှစ်တာနေ့ရက်တိုင်းသည် သူ့အတွက်တော့ အသက်မဲ့သည့်နေရက်များပင်ဖြစ်သည်။

စက်ရုပ်တစ်ရုပ်ကိုသံပတ်ပေးထားသကဲ့သို့ပင် မနက်6နာရီခွဲဆိုသည်နှင့်မျက်လုံးအစုံကပွင့်ဟလို့လာပြီး တစ်နေ့တာ၏ လုပ်ငန်းစဥ်များကို မရပ်မနားလုပ်ဆောင်လေ့ရှိသည်။ လူအများနှင့်တွေ့စုံသည့် အခါများတွင်တော့ အသက်မဲ့လှသည့်အပြုံးတို့ကိုသာ စွန့်ကျဲလေ့ရှိတက်သည့် သူဟာ အများသူငှာများ၏အမြင်တွင် သီးသန့်နေတက်သူ၊ အနေအေးသူတစ်ယောက်ဖြစ်နေလိမ့်မည်။

တင်းတောင် တင်းတောင်

မနက်စာစားရန်ပြင်ဆင်နေ့သည့် သူက ဘဲလ်တီးသံကြောင့် မီးဖိုခန်းထဲမှ ထွက်ကာ အတော်အသင့်ကျယ်ဝန်းသည့် ဧည့်ခန်းကိုကျော်ဖြတ်၍ အခန်းတံခါးကိုဖွင့်ပြီး သူအိမ်အပြင်ကိုထွက်လိုက်သည်။ပစ္စည်း (သို့) စာအိတ်တွေပို့ပေးလေ့ရှိသည့် နိုင်ငံခြားသားDeli ကောင်လေးသည်ပင် သူ့ကိုသိနေပြီဖြစ်သည်။ထိုကောင်လေးသည် သူ့လက်ထဲကို စာအိတ်နှစ်အိတ်ထုတ်ပေးလာပြီး လက်မှတ်ထိုးရန်ထိုးပေးလာသည့် စာအုပ်ထပ်တွင် သူ၏လက်မှတ်ထိုးပေးပြီးသည်နှင့်

ဤနွေမှစ၍နွေဦးကိုချစ်ခဲ့ရသည်(ဤနွမှေစနွဦေးကိုချစ်ခဲ့ရသည်)Where stories live. Discover now