"လူကဘာမှမဟုတ်သေးဘူး သောက်သောက်စားစားလုပ်နေပြီဟုတ်လား"
အမောင်ဧည့်ခန်းထဲသို့ဝင်ဝင်ချင်းမှာပဲ ဦးမြင့်မောင်မောင် ရဲ့လက်သီးကခရီးဦးကြိုပြုသည်။
ဦးမြင့်မောင်မောင် ရဲ့ ထိုးချက်က မပြင်းပေမဲ့ အမောင် သောက်ထားတဲ့ အရှိန်ကြောင့် တယိမ်းတယိုင်ဖြစ်၍ ဧည့်ခန်း အဝင်မှ တံခါးမကြီးနှင့် အမောင့်ကျောဖြင့်အရှိန်ပြင်းပြင်းရိုက်မိသွားသည်။အမောင်သည်ရှေ့သို့ခြေလှမ်းများကိုဆက်မလျှောက်တော့ပဲ ထိုနေရာမှာပဲ တံခါးကိုကျောမှီ၍ထိုင်ချလိုက်ပြီး ဧည့်ခန်းဝတွင်မတ်တပ်ရပ်နေသည့် နွဦေးကိုကြည့်၍နှုတ်ခမ်းတစ်ဖက်သာပြုံးပြပြီး အရှေ့သို့ပြန်လှည့်သွားသည်။
နွဦေးရဲ့မျက်ဝန်းစိမ်းများတွင် ငွေ့ရည်များပြည့်နေပြီး မကြာခင်ပြိုကျတော့မည့် မိုးကဲ့သို့မျက်နှာသည်လည်းမှိုင်းညို့နေပြီး အသားများကလည်း တုန်နေသေးသည်။
"ငါမင်းအရှေ့မှာ ဘယ်တုန်းကအရက်သောက်တာ မြင်ဖူးလဲ ရသော်အမောင် ငါမင်းရှေ့မှာ မူးရူးပြီး ပြန်လာတာ မြင်ဖူးလဲ မင်းပြောစမ်း"
ခွပ်...ခွပ်...
ဦးမြင့်မောင်မောင်သည် အမောင့်အပေါ်မှ ခွ၍ နှစ်ချက်လောက်ဆင့်ထိုးလိုက်တာကြောင့် အမောင့်နှုတ်ခမ်းထောင့်မှ သွေးများကျလာသည်။
အမောင့်နှုတ်ခမ်းမှသွေးများကျလာသည်နှင့်အမျှ ဧည့်ခန်းဝတွင်ရပ်နေသော နွဦေးမျက်ဝန်းစိမ်းထဲမှ မျက်ရည်များသည်လည်း တစ်စ တစ်စ ကျဆင်းလာသည်။
"တော်ပါတော့ ကိုရယ် ထွေးတောင်းပန်ပါတယ်"
"ဟုတ်ပါတယ် ဒယ်ဒီရယ် အခုကမောင်လေးက မူးနေတော့ ဒယ်ဒီပြောနေတာတွေလဲ ပြန်ဖြေနိုင်မှာမဟုတ်သေးပါဘူး"
ဒေါ်ဝင့်ဝါထွေး နှင့် ရတီမြင့်မောင် တို့က ဦးမြင့်မောင်မောင်ကို ဝင်ဆွဲနေတုံးမှာပဲ အမောင်ကထိုင်နေရာမှထ၍ တယိမ်းတယိုင်ဖြင့် ထမင်းစားခန်းသို့ ဝင်သွားသည်။
"ထွေးတို့ အခုလို ကာ ကာနေလို့ ဒီကောင်ဆိုးနေတာ"
ဦးမြင့်မောင်မောင်ထိုသို့သာပြောပြီး အပေါ်ထပ်သို့တက်သွားသည်။
YOU ARE READING
ဤနွေမှစ၍နွေဦးကိုချစ်ခဲ့ရသည်(ဤနွမှေစနွဦေးကိုချစ်ခဲ့ရသည်)
Romanceရေသော်အမောင်+နွေဦးကြွေ နွေမှာတွေ့ပြီးချစ်ခဲ့ရတဲ့ကောင်လေးနာမည်ကနွေဦးတဲ့ ရသော်အမောင်+နွဦေးကြွေ နွမှောတွေ့ပြီးချစ်ခဲ့ရတဲ့ကောင်လေးနာမည်ကနွဦေးတဲ့