Part-(6)(Zawgyi)

147 1 0
                                    

"ရှိန်းအက္ခထူး နင်ဘာလို့ ကေလးကိုလိုက္စေနတာလဲ"

မြူနှင်းရဲ့အော်သံဆူးဆူးထွက်လာသည်။

"ဒါလေးက နင်မောင်လေးလား မြူနှင်းဝေ"

နွဦေးရဲ့ခေါင်းစခြေဆုံးကိုမရိုးသားချင်းမျက်လုံးများဖြစ်ကြည့်နေသည့် ရှိန်းအက္ခထူး

"အေး ဟုတ်တယ် ငါ့မောင်လေး ကလေးကိုလိုက်မစနဲ့ ပြီးတော့လိုက်လည်းမပတ်သတ်နဲ့ လာ နွဦေးသွားမယ်"

နွဦေးလက်ကိုဆွဲ၍ထွက်သွားတဲ့ မြူနှင်းဝေက တကယ့် နွဦေးအစ်မအရင်းကဲ့သို့ပင်

မြူနှင်း ဦးဆောင်ပြီးအခန်းထဲဝင်သွားတော့ လက်ဆွဲခံထားရ၍တရွက်တိုက်ပါလာသော နွဦေးအပါအဝင် ကျန်တဲ့မြူနှင်းသူငယ်ချင်းနှစ်ယောက်ကပါလိုက်ဝင်ပြီး လေးယောက်တန်းမှာ ဝင်ထိုင်ကျသည်။

"ငါသိတယ် အဲ့အကောင်ကအဲ့လိုစမယ်ဆိုတာသိလို့ ကန်တင်းတောင်မသွားပဲလမ်းတဝက်ကပြန်လာတာ နွဦေးအဲ့အကောင်နဲ့ဝေးဝေးနေနော်"

မြူနှင်းက သူ့ကိုတရင်းတနှီးနှင့် သတိပေးသလိုပြောတော့ နွဦေးလည်းခေါင်းငြိမ်မိ၏။

"မြူနှင်း နင်ကလည်း မေမေကြီးသိပ်လုပ်တာပဲ"

"နင့်လျှာကြီးမရှည်စမ်းနဲ့ ကောင်းကင်မြင့်"

ဆရာမဝင်ခင်တစ်ယောက်နဲ့တစ်ယောက်စလိုက်နောက်လိုက်လုပ်နေတဲ့မြူနှင်းဝေတို့သူငယ်ချင်းသုံးယောက်ကြောင့် နွဦေးနေရာစိမ်းနှင့်သိပ်၍စိမ်းသပ်မနေပါ။

***

ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်

"လာပါပြီ ကိုယ်တော်"

ကန်တင်းထဲကိုဝင်လာတဲ့ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်ရဲ့The Whole Kingရသော်အမောင်ကကျောင်းဝတ်စုံအင်္ကျီအဖြူ၊ပုဆိုးအပြာ
နှင့်လိုက်ဖတ်လှသည် အရပ်6'2"ရှိတဲ့အမောင်ကလူကြားထဲမှာထင်ရှားနေပြီး အသားအရည် ဖြူပြီးကြည်လင်နေသောအသားအရည်ကထိုလူရဲ့ချောမောခန့်ညားမှုကို ပိုမိုထောက်ပံ့ပေးနေသလို မျက်ခုံးထူထူနှစ်ခုကအနည်းငယ်စုကျုံ့ထားသည်မှာအကျည်းတန်မသွားသည်အထိ ထိုလူကချောသည်။မျက်စံတွေကမဲနက်နေပြီးအမြဲတမ်းစူးရဲနေတက်သည့်မျက်လုံးတစ်စုံကြောင့်ထိုလူကိုလူတိုင်းလိုလိုကရှိန်ကြသည်။နှာတံချွန်ချွန်နှင့် အမြဲလိုလိုစေ့ပိတ်ထားသည့်နှုတ်ခမ်းနှင့်မေးရိုးထင်းထင်းများ နားတစ်ဖက်တွင့် နားပေါက်နှစ်ပေါက်စီဖောက်ထားပြီး
နားနှစ်ဖက်တွင်ပန်ထားသည့် ပြောင်လတ်လတ်နားကွင်းနှစ်ဖက်အပြင် ထိုနှစ်ကွင်းများ၏အပေါ်တွင်ပန်ထားသည့် စိန်ပွင့်တစ်ပွင့်စီပန်ထားသည်မှာ မိမိုက်လွန်းလှသည်။

ဤနွေမှစ၍နွေဦးကိုချစ်ခဲ့ရသည်(ဤနွမှေစနွဦေးကိုချစ်ခဲ့ရသည်)Where stories live. Discover now