"ရှိန်းအက္ခထူး နင်ဘာလို့ ကလေးကိုလိုက်စနေတာလဲ"
မြူနှင်းရဲ့အော်သံကထွက်လာသည်။
"ဒါလေးက နင်မောင်လေးလား မြူနှင်းဝေ"
နွေဦးရဲ့ခေါင်းစခြေဆုံးကိုမရိုးသားခြင်း မျက်လုံးများဖြစ်ကြည့်နေသည့် ရှိန်းအက္ခထူး
"အေး ဟုတ်တယ် ငါ့မောင်လေး ကလေးကိုလိုက်မစနဲ့ ပြီးတော့လိုက်လည်းမပတ်သတ်နဲ့ လာ နွေဦးသွားမယ်"
နွေဦးလက်ကိုဆွဲ၍ထွက်သွားတဲ့ မြူနှင်းဝေက တကယ့် နွေဦးအစ်မအရင်းကဲ့သို့ပင်
မြူနှင်း ဦးဆောင်ပြီး အခန်းထဲဝင်သွားတော့ လက်ဆွဲခံထားရ၍တရွက်တိုက်ပါလာသော နွေဦးအပါအဝင် ကျန်တဲ့မြူနှင်းသူငယ်ချင်းနှစ်ယောက်ကပါလိုက်ဝင်ပြီး လေးယောက်တန်းမှာ ဝင်ထိုင်ကျသည်။
"ငါသိတယ် အဲ့အကောင်က အဲ့လိုစမယ်ဆိုတာ သိလို့ ကန်တင်းတောင်မသွားပဲ လမ်းတဝက်ကပြန်လာတာ နွေဦးအဲ့အကောင်နဲ့ဝေးဝေးနေနော်"
မြူနှင်းက သူ့ကိုတရင်းတနှီးနှင့် သတိပေးသလိုပြောတော့ နွေဦးလည်းခေါင်းငြိမ်မိ၏။
"မြူနှင်း နင်ကလည်း မေမေကြီးသိပ်လုပ်တာပဲ"
"နင့်လျှာကြီးမရှည်စမ်းနဲ့ ကောင်းကင်မြင့်"
ဆရာ မဝင်ခင်တစ်ယောက်နဲ့တစ်ယောက်စလိုက်နောက်လိုက်လုပ်နေတဲ့မြူနှင်းဝေတို့သူငယ်ချင်းသုံးယောက်ကြောင့် နွေဦးနေရာစိမ်းနှင့်သိပ်၍စိမ်းသပ်မနေပါ။
***
ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်
"လာပါပြီ ကိုယ်တော်"
ကန်တင်းထဲကိုဝင်လာတဲ့ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်ရဲ့The Whole King ရသော်အမောင်ကကျောင်းဝတ်စုံ အင်္ကျီအဖြူ၊ပုဆိုးအပြာ နှင့်လိုက်ဖတ်လှသည် အရပ်6'2"ရှိတဲ့အမောင်ကလူကြားထဲမှာထင်ရှားနေပြီး ဖြူပြီးကြည်လင်နေသောအသားအရည်ကထိုလူရဲ့ချောမောခန့်ညားမှုကို ပိုမိုထောက်ပံ့ပေးနေသလို မျက်ခုံးထူထူနှစ်ခုကအနည်းငယ်စုကျုံ့ထားသည်မှာအကျည်းတန်မသွားသည်အထိ ထိုလူကချောသည်။မျက်စံတွေကမဲနက်နေပြီးအမြဲတမ်းစူးရဲနေတက်သည့် မျက်လုံးတစ်စုံကြောင့်ထိုလူကိုလူတိုင်းလိုလိုကရှိန်ကြသည်။နှာတံချွန်ချွန်နှင့် အမြဲလိုလိုစေ့ပိတ်ထားသည့်နှုတ်ခမ်းနှင့်မေးရိုးထင်းထင်းများ နားတစ်ဖက်တွင့် နားပေါက်နှစ်ပေါက်စီဖောက်ထားပြီးနားနှစ်ဖက်တွင်ပန်ထားသည့် ပြောင်လတ်လတ်နားကွင်းနှစ်ဖက်အပြင် ထိုနားကွင်းများ၏အပေါ်တွင်ပန်ထားသည့် စိန်ပွင့်တစ်ပွင့်စီပန်ထားသည်မှာ မိမိုက်လွန်းလှသည်။
YOU ARE READING
ဤနွေမှစ၍နွေဦးကိုချစ်ခဲ့ရသည်(ဤနွမှေစနွဦေးကိုချစ်ခဲ့ရသည်)
Romanceရေသော်အမောင်+နွေဦးကြွေ နွေမှာတွေ့ပြီးချစ်ခဲ့ရတဲ့ကောင်လေးနာမည်ကနွေဦးတဲ့ ရသော်အမောင်+နွဦေးကြွေ နွမှောတွေ့ပြီးချစ်ခဲ့ရတဲ့ကောင်လေးနာမည်ကနွဦေးတဲ့