Part-(17)(Unicode)

242 12 3
                                    

🎼အကြိမ်ကြိမ်ရင်ခုန်မိသော မင်းမျက်ဝန်း အာရုံမှာညိတဲ့မျက်ဝန်း မင်းရဲ့ကြည့်မှာမျောနေခဲ့ နေ့တွေညတွေ မှားသွားခဲ့

ချိုမြိန်သာယာလေသော မင်းမျက်ဝန်း ရင်မှာနှောင်ကြိုးဖွဲ့ မျက်ဝန်း မင်းရဲ့အကြည့်မှာမျောနေခဲ့ မင်းရဲ့ မင်းရဲ့ အချစ်မျက်ဝန်း🎼

အမောင်ခြံရှေ့ကသီချင်းသံကြားသည်နှင့် ပြတင်းပေါက်လိုက်ကာကိုအနည်းငယ်ဖွင့်၍ကြည့်လိုက်သည်။

"တောက်...ဒီကောင်"

"ကိုကို ဘယ်သူ..."

အမောင်သည်နွေဦးစကားတောင်မဆုံးသေးခင် အခန်းပြင်သို့ခြေလှမ်းကျဲများဖြင့်ထွက်သွားသည်။နွေဦးသည်လည်း အမောင့်နောက်သို့အမှီလိုက်ရပြန်သည်။

"သားမောင်ဘယ်လဲ"

"..."

လှေကားထိပ်တွင် အမောင်နှင့်ဒေါ်ဝင့်ဝါထွေးတွေ့သော်လည်း အမောင်သည်ဒေါ်ဝင့်ဝါထွေးကိုကျော်၍ လှေကားပေါ်မှဆင်းသွားပြီး ခြံထဲသို့ဆင်းသွားသည်။ဒေါ်ဝင့်ဝါထွေးလည်း အမောင့်နောက်သို့လိုက်ရပြန်သည်။

ခွပ်...

အမောင်သည် ခြံရှေ့အုတ်ခုံတွင် သီချင်းဆိုသော လူအား သူ၏ပတ်တီးပတ်ထားသည့် လက်ဖြင့် အရှိန်ပြင်းပြင်းထိုးလိုက်သည်။

"မင်းက မင်းအမေမွေးကတည်း နားမပါခဲ့ဘူးနဲ့တူတယ်"

"..."

ထိုလူသည်မည်သည့်စကားမျှမဆိုပဲနှုတ်လမ်းထောင့်မှစီးကျလာသည့် သွေးများကို လက်ဖြင့်သုတ်နေသည်။

"သားမောင်..."

"ကိုကို..."

ထိုချိန်တွင် ဒေါ်ဝင့်ဝါထွေးနှင့် နွေဦးရောက်လာသည်။ဒေါ်ဝင့်ဝါထွေးသည် ရှိန်းအက္ခထူးအား အကဲခက်နေသည်။

"ဟင် ခင်ဗျား..."

"တော်ပါသေးရဲ့ နွေဦးကို မတွေ့ပဲ ပြန်ရတော့မယ်ထင်နေတာ ဘာလို့ကျောင်းမလာတာလဲ"

"မင်းကိုမတွေချင်လို့နေမှာပေါ့"

"အဟမ်းးး ဟုတ်လား နွေဦး"

နွေဦးသည် ရှိန်းအက္ခထူး အမေးကိုမဖြေပဲ ရသော်အမောင်၏ ကျော်ပြင်ကျယ်နှင့် ကွယ်၍ ရပ်လိုက်ပြီး အမောင်၏ အင်္ကျီစကို ကျစ်ကျစ်ပါအောင်စုတ်ထားသေးသည်။

ဤနွေမှစ၍နွေဦးကိုချစ်ခဲ့ရသည်(ဤနွမှေစနွဦေးကိုချစ်ခဲ့ရသည်)Where stories live. Discover now