"ဟားးကိုယ်ဒီစကားကိုမှတ်ထားတယ်နော် ပြီးမှ ကိုယ့်မျက်နှာကိုကြည့်ပြီးထပ်ပြောပေးဟုတ်ပြီလား"
"ဗျာ..."
နွဦေးကြွေရဲ့ အသံကိုကြားသည်နှင့် အမောင်သည်ဆိုင်ကယ်ကိုလမ်းဘေးတစ်နေရာသို့ ရပ်လိုက်ပြီး ဆိုင်ကယ်ပေါ်ကဆင်းတော့ ထိုကလေးကပါ ဆိုင်ကယ်ပေါ်ကလိုက်ဆင်းသည်။
အမောင်ထိုကလေးကိုအခုမှသေချာကြည့်မိသည်။ Tshit over size မီးခိုးရောင်လေးကို short pant အမဲလေးကိုဝတ်ထားသောကြောင့် အမွှေးအမျှင်ကင်းမဲ့နေသည့် ခြေတန်သွယ်သွယ်လေးက နေရောင်ကြောင့် ပို၍ဝင်းဝင်းဝါဝါလေးဖြစ်နေသည်။အမောင်ထိုခြေတလုံးသွယ်သွယ်လေးကိုအကြည်လွှဲ၍နွဦေး၏လက်ဖျားလေးကိုညင်သာစွာ ဆုတ်ကိုင်လိုက်ပြီး
"ကြွေ အူလည်လည်မလုပ်လို့မရဘူးလားဟင်...မင်းကိုသာဆုံးရှုံးရရင်တော့လေ ကိုယ်တော့ရူးမှာပဲ မင်းသာ ခေါင်းငြိမ့်လိုက်ရင်"
အမောင်၏စကားပင်မဆုံး နွဦေးသည် အမောင်ဆုတ်ကိုင်ထားသည့်သူ့လက်ကလေးကိုဆွဲယူ၍ အမောင်၏ပါးစပ်ကိုလှမ်းပိတ်လိုက်ပြီး
"ဟင်အင်း.. ကိုကို ဒီလိုမျိုးမပြောပါနဲ့လား သားက ဘာ.. ဘာလို့ခေါင်းငြိမ့်ရမှာလဲ"
နွဦေးသည် မျက်ရည်မကျမိအောင် စိတ်ထိန်း၍ပြောနေပေမဲ့ စကားအဆုံးတွင် အသံသည် တိမ်ဝင်သွားသည်။
လူသွားလူလာနည်းသည့်လမ်းမပေါ်တွင် အမောင်နှင့်နွဦေးနှစ်ယောက်သာရှိသည်။
"အင့်..."
အမောင်သည် နွဦေးကို အားပါးပါးဆွဲဖက်လိုက်သည်ကြောင့် နွဦေးထံမှ အင့်ဆိုသည့် အသံသေးသေးလေးကြောင့် အမောင်မှာ ပြုံးရပြန်သည်။အမောင်သည် နွဦေး၏ကျောပြင်ကိုအသာပုတ်ပေးနေသည်။
"ကိုကိုက ဘယ်သွားနေတာလဲ သားကအများကြီးကြောက်ခဲ့နေတာ "
ဟော ဒီကလေးဟစပြီး ဒီကလေးဟာ သူသိခဲ့စဉ်အသက် 11နှစ်အရွယ်ကတည်းက စကားကို အများနဲ့မတူအောင် ပြောတက်သည်မှာအခုထိမပေါင်းလဲသေးပါ။
"ဟုတ်လား ကိုယ့်မျက်ဝန်းစိမ်းလေးက အများကြီးကြောက်နေခဲ့တာလား မကြောက်နဲ့တော့နော် ကိုယ်ရှိနေပြီနော်"
YOU ARE READING
ဤနွေမှစ၍နွေဦးကိုချစ်ခဲ့ရသည်(ဤနွမှေစနွဦေးကိုချစ်ခဲ့ရသည်)
Romanceရေသော်အမောင်+နွေဦးကြွေ နွေမှာတွေ့ပြီးချစ်ခဲ့ရတဲ့ကောင်လေးနာမည်ကနွေဦးတဲ့ ရသော်အမောင်+နွဦေးကြွေ နွမှောတွေ့ပြီးချစ်ခဲ့ရတဲ့ကောင်လေးနာမည်ကနွဦေးတဲ့