"ထွေး ကိုယ်နဲ့အတူ ဖတ်ရအောင်လေ သမီးတို့လည်း ဟိုကလေးကို ဂရုစိုက်ပေးလိုက်ကြပါအုံး ကလေးက သနားစရာလေးပါ"
"ဟုတ်ကဲ့ ဒယ်ဒီ"
"ဟုတ်ကဲ့ ဒယ်ဒီ"
သမီးနှစ်ယောက်ရဲ့ပြိုင်တူ အသံထွက်လာတော့ ဇနီးဖြသူလက်ဆွဲ၍ အိပ်ခန်းရှိရာသို့ ခေါ်ဆောင်လာခဲ့သည်။
***
သို့
ထွေး မြအားနာစွာဖြင့် စာရေးခဲ့ပါသည်။မြသားလေးကို မြမရှိတော့တဲ့နောက်ပိုင်း စောက်ရှောက်ပေးပါလို့ မြအားနာစွာဖြင့်ပဲ တောင်းဆိုပါရစေ။ မြသားလေးကို မြသိပ်ချစ်ပါတယ်။ဒါကြောင့် မြလိုမျိုး အဖြစ်မခံနိုင်ဘူး သားလေးရဲ့အဖေကို မြမယုံဘူး ထွေးရယ် အားနာစွာဖြင့်ပဲ ထပ်ကာထပ်ကာ မြတောင်းဆိုပါတယ် မြသားလေးကို စောက်ရှောက်ပေးပါနော် ဒီဘဝမှာတင်ကျန်နေတဲ့ ကျေးဇူးကြွေးတွေကို နောင်ဘဝသာရှိခဲ့ရင် မြ ဆပ်ပါ့မယ်။နွမြေ
"မြရယ်"စာမရှည်ပေမဲ့ တိုတယ်လို့လည်း မဆိုလောက်တဲ့ စာလေးကို ဖတ်ပြီး ဒေါ်ဝင့်ဝါထွေးကတော့ ဒေါ်နွမြေ မမြင်လောက်ပေမဲ့ ခေါင်းအထပ်ထပ်ငြိမ့်မိနေသည်။
"ကို ဒီကလေးကို ထွေးတို့တွေပဲစောင့်ရှောက်ရအောင်နော်"
"ကိုယ်တို့ပဲ စောက်ရှောက်ကြတာပေါ့ ထွေးရယ် ကလေးက ငယ်သေးတယ်ဆိုတော့ ကျောင်းနေသေးရဲ့လား ဆိုတာကိုယ်တို့ ညကျမှမေးကြတာပေါ့ကွာ"
"ကျေးဇူးပါ ကိုရယ်"
ဦးမြင့်မောင်မောင် ခေါင်းသာငြိမ့်မိသည်။ သူတို့ကိုအားကိုးလို့ရောက်လာတဲ့ကလေးကို အိမ်မှာမနေနဲ့လို့ မနှင်ထုတ်ရက်ပါ။မိမိမှာ သားသမီး 3 ယောက်ရှိနေပေမဲ့ ကလေးတွေအားလုံးက လက်လွတ်နေပြီဖြစ်သည်။သမီးကြီး ရတီမြင့်မောင်ကပဲအသက်30ရှိနေပြီ ဇနီးဖြစ်သူ၏ စိန်ဆိုင်ခွဲများကိုတောင် ကိုယ်တိုင်အုပ်ချုပ်နေပြီဖြစ်သည်။ သမီးငယ်နဒီမြင့်မောင်ကတော့အသက် 25နှစ်ရှိနေပြီဖြစ်ပြီး ပိုးထည်ဆိုင်အများစုကို ကိုယ်တိုင် ကိုင်တွယ်အုပ်ချုပ်နေပြီပဲ ဖြစ်ပါသည်။ သားငယ်လေး အင်း သားငယ်လေးကတော့ နောက်နှစ်ပဲ ဘွဲ့ရတော့မယ်အခုထိဆိုးလို့ကောင်းတုံး အသက်20ရှိနေပြီ ဖြစ်တဲ့ သားငယ်လေး ရသော်အမောင်က ခန့်မှန်းရသိပ်ခက်သည့် သားတစ်ယောက်လည်း ဖြစ်ပြီး တစ်အိမ်လုံးရဲ့ အသဲသက်ညှာလေး လည်းဖြစ်သည်။
YOU ARE READING
ဤနွေမှစ၍နွေဦးကိုချစ်ခဲ့ရသည်(ဤနွမှေစနွဦေးကိုချစ်ခဲ့ရသည်)
Romanceရေသော်အမောင်+နွေဦးကြွေ နွေမှာတွေ့ပြီးချစ်ခဲ့ရတဲ့ကောင်လေးနာမည်ကနွေဦးတဲ့ ရသော်အမောင်+နွဦေးကြွေ နွမှောတွေ့ပြီးချစ်ခဲ့ရတဲ့ကောင်လေးနာမည်ကနွဦေးတဲ့