Part-(12)(Unicode)

283 13 4
                                    

"ဟိုကောင်လေး သွတ်သွတ်လေးလာပေးပါလား တို့အရမ်းမောလို့"

"ဗျာ ဟုတ် အစ်မ"

မေချစ်သဲပြောလိုက်တော့ ပုံမှန်လျှောက်နေကြခြေလှမ်းထက် ပိုမြန်သည့် ခြေလှမ်းများဖြင့် လှမ်းလာသည့်
ထိုကောင်လေးအသံကချိုချိုအေးအေးလေးပင်ဖြစ်သည်။ချစ်မွှေးပါသည့်ကောင်လေးထင်ပါရဲ့သို့သော်ထိုကောင်လေးကို သူမချစ်ပါ။

"အယ် အယ် ကျွတ်ပြီ"

ဝုန်းးးးး

"အယ်...လဲပြီ"

အမောင်တို့မလှမ်းမကန်းမှာ ပန်းပင်တွေကိုရေလောင်းနေတဲ့ ဒေါ်ဝင့်ဝါထွေးက ရေပိုက်ကိုပြစ်ချ၍အလောတကြီး နွေဦးရှိတဲ့နေရာသို့ရောက်လာပြီး ခြံထဲမှာ စကားထိုင်ပြောနေတဲ့ မမနဲ့မငယ်ကလည်း နွေဦးရှိသို့ပြေးလာသည်။

ဒေါ်ဝင့်ဝါထွေးတို့မရောက်ခင်မှာပဲ အမောင်ကနွေဦးချော်လဲသည့်နေရာသို့ အရင်ရောက်သွားပြီး နွေဦးကိုထူပေးလိုက်သည်။

"ဘာဖြစ်သွားသေးလဲ လန်လန် ဘာဖြစ်လို့ပုဆိုးကိုဒီလိုမျိုးဝတ်ထားတာလဲ ခြေလှမ်းမှန်မှန်လျှောက်လာလည်း ငါမင်းကိုမဆူပါဘူး ထနိုင်လား"

"ဟင်အင်း"

ဒေါ်ဝင့်ဝါထွေး နဲ့ မမနဲ့မငယ်ကပါ နွေးဦးနားရောက်လာကြပြီး

"ဘာဖြစ်သွားသေးလဲ သားငယ် အမောင်ရယ် ကလေးကိုအရမ်းမဆူပါနဲ့ချော်လဲလို့နာသွားရတဲ့ကြားထဲ ထပ်ဆူမနေနဲ့"

"အေးလေ နင်ကလည်း"

မမကပါဝင်ပြောတော့ အမောင်ငြိမ်သွားသည်။

"ကွဲသွားပြီ ဖန်ခွက်တွေ ကွဲသွားပြီ"

"ဘာ...! အဲ့ဖန်ခွက်တွေက အရေးကြီးလား အခုချော်လဲတာအရေးကြီးလား နွေဦးကြွေ"

အမောင့်အော်သံကြောင့် မလှမ်းမကန်းမှာ အမောင်တို့ကိုရပ်ကြည့်နေတဲ့မေချစ်သဲတောင်လန့်သွားရသည်။

"ဟဲ့ အမောင် ကလေးကိုဘာလို့ အော်နေတာလဲ နွေဦးဘယ်လိုဖြစ်ပြီးချော်လဲတာလဲ မငယ်တို့ကိုပြော"

နွေဦးကသူ့ကိုလက်မောင်းကနေကိုင်ထားတဲ့ အမောင့်ကိုမော့ကြည့်သည်။

ဤနွေမှစ၍နွေဦးကိုချစ်ခဲ့ရသည်(ဤနွမှေစနွဦေးကိုချစ်ခဲ့ရသည်)Where stories live. Discover now