Part-(16)(Unicode)

278 11 0
                                    

မှန်တွေဖြင့်ကာရံထားသည့် အထက်မြင့်အဆောက်အအုံရှေ့သို့ မဲမှောင်ပြောင်လတ်နေသည့် မော်ဒယ်မြင့်ကားတစ်စီးရပ်လာပြီး ထိုကား၏နောက်ခန်းမှာ အနောက်တိုင်းဝတ်စုံနှင့် လူတစ်ယောက်ဆင်းလာသည်။ထိုလူ၏နောက်တွင် အတွင်းရေးမှူးဟုယူဆရသောလူမှထပ်ချက်မခွာလိုက်၏။

"Ven ငါစုံစမ်းခိုင်းထားတဲ့ ကိစ္စ အခြေနေ"

တည်ကျပြတ်သားပြီးသြဇာညောင်းလွန်းလှသည့် သြရှရှအသံနှင့်ထိုလူဟာ လူအများအမြင်တွင် ဆောက်လုပ်ရေးလုပ်ငန်းရှင်(သို့မဟုတ်)ဟိုတယ်လုပ်ငန်းရှင်ဖြစ်နေသော်လည်း မြေအောက်နယ်မြေတွင်တော့ မူးယစ်ရာဇာLeoဆိုသူပင်ဖြစ်သည်။

"ဟုတ် စုံစမ်းလာခဲ့ပါပြီBoss ကောင်လေးအဖေနာမည်က ဦးဝဏ္ဏကျော်ပါ ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်အသေးစားလေးကိုဖွင့်ထားပါတယ်။အခုတော့ ဦးဝဏ္ဏကျော်က နောက်အိမ်ထောင်ပြုထားပါတယ်။ဦဝဏ္ဏကျော်ရဲ့ လက်ရှိမိန်းမ ဒေါ်နှင်းဆီခင်က လောင်းကစားအတော်လေးကိုနှစ်ချိုင့်ပါတယ်။ဒေါ်နှင်းဆီခင်ဘက်ကပါလာတဲ့ သမီးတစ်ယောက်လည်းရှိပါတယ်။"

"...''

Vanက စကားအရှည်ကြီးပြော၍ မောသွားသည့်ဟန်ဖြင့် ခဏနား၍

"ဦးမြင့်မောင်မောင်ရဲ့ ဇနီးဖြစ်သူ ဒေါ်ဝင့်ဝါထွေး နဲ့ ကောင်လေးရဲ့အမေ ဒေါ်နွေမြတို့က သူငယ်ချင်းတွေလို့သိရပါတယ် Boss "

"အင်း တာဝန်ကျေတယ် Van ငါ ကောင်လေးနဲ့ နီးစပ်ဖို့ ဘာလုပ်သင့်လဲ"

"ဗျာ..."

"ကျစ်...နေတော့ မင်းလည်းသိမှာမဟုတ်ဘူး ငါ့ဘာသာငါပဲ စဥ်းစားတော့မယ်"

Van သူ့ရှေ့ကBoss ကိုကြည့်ပြီးအံသြရသည်။သူရိန်ထက်မြတ်ဟုသော သူ့၏Boss သည် လုပ်ငန်းရှင်အများစုက သမတ်ဖမ်းချင်ကြသည့် လူတွေထဲတွင် တစ်ယောက်အပါအဝင်ဖြစ်သည်။ Van Boss ကိုသိလာခဲ့ရသည့် ကာလပတ်လုံး Boss သည် ဘယ်ယောကျ်ား၊မိန်းမနှင့်မှ ရောရော နှောနှော နေသည်ကို သူမတွေ့ဖူးပါ။Boss နဲ့ သူက သူ 15နှစ်လောက်တုံးကတွေ့ခဲ့ခြင်းဖြစ်သည်။ လမ်းဘေးတွင်လူတွေဝိုင်းရိုက်တာကိုခံနေရသည့်သူ့ကို Boss က ကယ်ပေးခဲ့ခြင်းဖြစ်သည်။

ဤနွေမှစ၍နွေဦးကိုချစ်ခဲ့ရသည်(ဤနွမှေစနွဦေးကိုချစ်ခဲ့ရသည်)Where stories live. Discover now