Part-(3)(Unicode)

629 25 0
                                    

"ထွေး ကိုယ်နဲ့အတူ ဖတ်ရအောင်လေ သမီးတို့လည်း ဟိုကလေးကို ဂရုစိုက်ပေးလိုက်ကြပါအုံး ကလေးက သနားစရာလေးပါ"

"ဟုတ်ကဲ့ ဒယ်ဒီ"

"ဟုတ်ကဲ့ ဒယ်ဒီ"

သမီးနှစ်ယောက်ရဲ့ပြိုင်တူ အသံထွက်လာတော့ ဇနီးဖြသူလက်ဆွဲ၍ အိပ်ခန်းရှိရာသို့ ခေါ်ဆောင်လာခဲ့သည်။

***

သို့
      ထွေး မြအားနာစွာဖြင့် စာရေးခဲ့ပါသည်။မြသားလေးကို မြမရှိတော့တဲ့နောက်ပိုင်း စောက်ရှောက်ပေးပါလို့ မြတောင်းဆိုပါရစေ။ မြသားလေးကို မြသိပ်ချစ်ပါတယ်။ဒါကြောင့် မြလိုမျိုး အဖြစ်ခံနိုင်ဘူး ​သားလေးရဲ့အဖေကို မြယုံဘူး ထွေးရယ်အားနာစွာဖြင့်ပဲ ထပ်ကာထပ်ကာ မြတောင်းဆိုပါတယ်မြ သားလေးကို စောင့်ရှောက်ပေးပါနော်ဒီဘဝမှာတင်ကျန်နေတဲ့ ကျေးဇူးကြွေးတွေကိုလေ နောင်ဘဆိုတာမျိုးသာ ရှိခဲ့ရင် မြဆပ်ချင်ပါသေးတယ် ထွေးရယ်

                                       နွေမြ

"မြရယ်"

စာမရှည်ပေမဲ့လည်း တိုတယ်လို့လည်း မဆိုလောက်တဲ့ စာလေးကို ဖတ်ပြီး ဒေါ်ဝင့်ဝါထွေးကတော့ ​ဒေါ်နွေမြ မမြင်လောက်ပေမဲ့ ခေါင်းအထပ်ထပ်ငြိမ့်မိနေသည်။

"ကို ဒီကလေးကို ထွေးတို့တွေပဲစောင့်ရှောက်ရအောင်နော်"

"ကိုယ်တို့ပဲ စောက်ရှောက်ကြတာပေါ့ ထွေးရယ် ကလေးက ငယ်သေးတယ်ဆိုတော့ ကျောင်းနေသေးရဲ့လား ဆိုတာကိုယ်တို့ ညကျမှမေးကြတာပေါ့ကွာ တကယ်လို့ကျောင်းတက်နေသေးရင် ကိုယ်တို့ပဲဆက်ထားပေးကြတာပေါ့"

ဤနွေမှစ၍နွေဦးကိုချစ်ခဲ့ရသည်(ဤနွမှေစနွဦေးကိုချစ်ခဲ့ရသည်)Where stories live. Discover now