Park-(7)(Unicode)

473 26 7
                                    

ရုတ်တရက်နွေဦးခြုံထားသည့် စောင်ကိုလာဆွဲသည့်မမ

"ဟင် နွေဦး"

"ဟီးးးမမ"

"ဘယ်လိုဖြစ်လို့ နွေဦးက အမောင့်အခန်းထဲရောက်နေတာလဲ ဟိုကောင်လေးရော"

"ဟို... ဟိုလေ မမ ကို... ကိုကိုကလေ"

"ရပြီ ငါသိပြီ အဲ့တိုင်းနေပြီး နင့်အကိုပြန်လာတဲ့အချိန်ထိစောင့်နေ"

"ဟုတ်.."

မမကပုံမှန်လေသံဖြင့်ပြောနေသော်လည်း အပြစ်လုပ်ထားသလိုခံစားရသည်မို့ နွေဦးမျက်နှာ‌လေးချက်ချင်းငယ်သွားရသည်။

မမကသူ့ကိုပြောပြီးသည်နှင့် ကိုကို့အခန်းထဲမှထွက်သွားသည်။နွေဦးကတော့ ကိုကိုပြန်မလာမချင်းစောင့်နေရမည်ဖြစ်သောကြောင် အိပ်ယာထဲပြန်လှဲပြီး ဘုရားစာသာရွက်နေမိတော့သည်။

***

သူအိမ်ပြန်ရောက်တော့ ကုတင်ပေါ်မှာ ဟိုကလေးက ပိုလိုးပက်လက် အိပ်ပျော်နေခဲ့ပြီဖြစ်သည်။

"ကြွေ ..."

သူနွေဦးကိုခေါ်ခဲ့ဖူးသောနာမည်လေးကိုပါးစပ်မှလွှတ်ခနဲထွက်မိသွားသည့်အတွက် သူအချိန်မိပါးစပ်ကိုပိတ်လိုက်ရသည်။ထိုနောက်

"လန်လန် ဟိုကလေး ..."

သူနွေဦး ပါးခုံးစွန်းလေးကိုလှုပ်ပြီးနှိုးတော့လည်း မနိုးလာ။

"ကျစ်..ဒီကလေး အိပ်နေတဲ့အချိန် ဖင်ထဲ ဆင်ဝင်ရင်တောင်သိပါ့မလား မသိဘူး"

မမြင်နိုင်မသိနိုင်တာ သိသော်လည်း သူထိုကောင်လေးကို မျက်စာင်းထိုးလိုက်ပြီး

"လန်လန်.. လန်လန် ထတော့ ငါပြန်ရောက်နေပြီလို့"

"ကလေးကိုနှိုးမနေနဲ့ ရသော်အမောင် နင်လာခဲ့ ငါ့အခန်းထဲကို"

"အာ.. မမ"

"အာတွေအားတွေမလုပ်နဲ့ ဒီမှာပြောရင် ဟိုကလေးနိုးသွားလိမ့်မယ်"

ကုတင်ပေါ်ကတခူးခူးအိပ်ပျော်နေတဲ့ ဟိုကလေးကိုမေးငေါ့ပြ၍အခန်းထဲမှထွက်သည်။မမကတရားလိုက်တာဘာတဲ့ ဟိုကလေးနိုးသွားလိမ့်မယ်တဲ့ အဲ့ကလေးက ဖင်ထဲဆင်ဆယ်ကောင် ဝင်သွားရင်တောင်မနိုးဘူး။

ဤနွေမှစ၍နွေဦးကိုချစ်ခဲ့ရသည်(ဤနွမှေစနွဦေးကိုချစ်ခဲ့ရသည်)Where stories live. Discover now