Part-(32)(Unicode)

182 9 2
                                    

"ခင်...ခင်ဗျား အနောက်မှာ"

ထိုအသံလေးကြောင့် သူအနောက်ကိုလှည့်ကြည့်သည်နှင့်

"ခလွမ်းးး"

သူ့လက်မောင်းထဲသို့ နစ်ဝင်သွားသည့် ပုလင်းကွင်းများ၊ နီရဲရဲသွေးများက လက်မောင်းတစ်လျှောက်မှ လက်ဖျားထိ ရေတံခွန်ကဲ့သို့ စီးဆင်းလာသည်။

ထိုချိန်တွင် Club မန်နေဂျာရောက်လာပြီဖြစ်သည်။

"ခင်ဗျားက ဒီက တာဝန်ရှိသူလား"

"ဟုတ်ပါတယ်"

"ရဲစခန်းပို့လိုက် ဒီကောင်တွေသာမာန်မဟုတ်ဘူး ဆေးကွဲနေတာ"

"ဟုတ်ကဲ့"

အမောင်မန်နေဂျာကိုစကားအနည်းငယ်ပြောပြီး ထိုကလေးကိုလှည့်ကြည့်တော့ ထိုကလေးဟာ ဘေးကကောင်မလေး၏လက်ကိုစွဲထားလျက် သူ့ကိုရပ်ငေးနေသည်။

"ဟိုတစ်ယောက် အဲ့တိုင်းပဲ ရပ်ကြည့်နေတော့မှာလား ဒီမှာမင်းတို့ကြောင့် ဒဏ်ရာရသွားပြီလေ"

သူထိုသို့ပြောလိုက်မှ ထို‌ကလေးဟာ အနည်းငယ် လှုပ်လှုပ်ရွရွဖြစ်လာပြီး သူရပ်နေသည့် နေရာသို့ ဖြည်းဖြည်းချင်းလျှောက်လာသည်။

"ဟို...ဒီက ကျွန်တော်ဆေးခန်းပို့ပေးချင်ပါတယ် ဒါ...ဒါပေမဲ့လေ ကျွန်တော့်ညီမလေးက တစ်ယောက်ထဲဆို‌..."

နွေဦး၏စကားတောင်မဆုံးသေး အမောင် နွေဦး၏မျက်နှာကို အကြည့်စူးစူးများဖြင့်စိုက်ကြည့်ကာ

"အဲ့တော့... မင်းက ငါ့ကို ဆေးခန်းလိုက်မပို့ပေးနိုင်ဘူးပေါ့"

နွေဦးအတော်လေး စိတ်ညစ်နေပြီ ဖြစ်သည်။ကံတရားကသူ့ကိုဘာဖြစ်စေချင်မှန်းသူတကယ်မသိတော့ပါ။သူတို့တွေ ကွဲခဲ့ရသည့်အကြောင်းအရင်းအချို့ကလည်း ဒီလိုနေရာမျိုးမှာဖြစ်ပြီး၊ယခုပြန်တွေ့ကြရသည့် နေရာကလည်း ဒီလိုနေရာမျိုးမှာတဲ့လား။သူတကယ်ဘာဆက်လုပ်ရမှန်းမသိတော့ပါ။

ထိုအချိန်တွင်

"အမောင် ဘာဖြစ်နေတာလဲ မင်းလက်မှာလဲသွေးတွေနဲ့"

အမောင် သူ့ရှေ့တွင်အတွေးလွန်နေသည့် ကောင်လေးကိုကြည့်နေရင်း လင်းရောင်ကြည်၏အသံကိုရုတ်တရက်ကြားလိုက်သဖြင့် ဝမ်းသာသွားရသည်။

ဤနွေမှစ၍နွေဦးကိုချစ်ခဲ့ရသည်(ဤနွမှေစနွဦေးကိုချစ်ခဲ့ရသည်)Where stories live. Discover now