Part -(4)(Zawgyi)

245 5 0
                                    

နွဦေးကြွေသည်လည်း လူကြီးတွေကိုနှုတ်ဆက်ပြီး အခန်းသို့ပြန်လာခဲ့လေသည်။

တစ်နေကုန်ကားစီးလာခဲ့ရသည်မို့ ခေါင်းအုံးနဲ့ခေါင်းထိသည်နှင့် အိပ်စက်ခြင်းစီသို့ကူးပြောင်းသွားသည်။

***

"ဟဲ့ မိညို မာမီတို့ရော"

မိညိုကိုမေးပြီး လက်ကနာရီကိုကြည့်မိတော့ 8နာရီခွဲနေပြီဖြစ်သည်။ နှစ်ဆန်းတစ်ရက်နေ့ဖြစ်တာကြောင့် လူကြီးတွေကဘုန်းကြီးကျောင်းမှာဥပုဒ်စောင့်မည်ဟု အရင်နေ့တွေကတည်းက မာမီပြောခဲ့ဖူးသည်ကို မေ့နေခဲ့တာ...

"ဟို ဟို.."

သူ့ရှေ့ရောက်ရင် သရဲမြင်သလိုကြောက်လန့်နေတဲ့ မိညိုကိုစိတ်မရှည်တော့ သဖြင့် စိတ်မရှည်စွာ ဆုတ်သပ်ပြီး

"ကျစ် ဘာဖြစ်နေတာလဲ တစ်ဟိုဟိုနဲ့ ငါဗိုက်ဆာနေပြီ မနက်စာလိုက်ပြင်ပေး"

"ဟို...အကိုလေး မမငယ်နဲ့ မေမေကြီးတို့လင်မယားက ဘုန်းကြီးကျောင်းသွားနှင့်ပါပြီ မမကြီးကတော့မသွားသေးပါဘူး ဟိုလေ မိညိုကဈေးသွားရမှာမို့လို့ ထမင်းစားခန်းထဲမှာ ကလေးရှိပါတယ် ကလေးကိုပဲ ပြင်ခိုင်းလိုက်ပါနော်"

"အေး အေး သွား သွား"

သူစကားတောင်မဆုံးလိုက် မိညိုဆိုတဲ့ သူ့ထက်တစ်နှစ်ငယ်တဲ့ ကလေးမကတော့ လစ်ခနဲထွက်ပြေးသွားပြီဖြစ်သည်။

***

"ဟိုတစ်ယောက် ဘာလုပ်နေတာလဲအဲ့တာ"

"အမလေး နတ်ပြည်တွေကြွကုန်ပြီ အကိုလေး အဲ အကို ကျစ် ကိုကြီး သားပန်းကန်ဆေးနေတာ နိုးပြီလား ဟီးဟီး"

"အင်းနိုးပြီး အကိုလေးလို့မခေါ်နဲ့ အကိုလို့ခေါ်တာလည်းမကြိုက်ဘူး ကိုကြီးလို့လည်းမခေါ်နဲ့ "

သူ့ကို အမျိုးမျိုးခေါ်နေတဲ့ အနှီးလူသားလေးကို ညစ်တွန်း တွန်းလိုက်တော့ ခေါင်းလေးငုံ့သွားပြီး လက်မနှစ်ချောင်းကိုတစ်ချောင်းနဲ့တစ်ချောင်းဖိလိုက်ပွတ်လိုက်လုပ်နေတဲ့ ကောင်လေး

"ဟင် သားကအဲ့တာဆိုဘယ်လိုခေါ်ရမှာလဲ"

"ဘယ်လိုမှ မခေါ်နဲ့ ခေါ်ချင်ရင် ကိုကိုလို့ခေါ်"

ဤနွေမှစ၍နွေဦးကိုချစ်ခဲ့ရသည်(ဤနွမှေစနွဦေးကိုချစ်ခဲ့ရသည်)Where stories live. Discover now