"မင်းအဖေသွားမေး ဘုရားပေါ်မှာမို့လို့ငါမဆဲချင်ဘူး"
"သားကြီး လာလာ ဖေဖေပြောပြမယ်"
လင်းရောင်ကြည် ရဲ့ ခပ်နောက်နောက်စကားကြောင့် အမောင်နဲ့လင်းရောင်ကြည်မှာ အပြိုင်ရီကြသော်လည်း အပြောခံရသည့် မြူခိုးဝေကတော့ သူတို့ကိုမကြည် ကြည့် ကြည့်ပြီး လိုက်လာသည်။
***
"ဒီကိုလာပြီး ထိုင်တော်မူပါအုံး ရသော်အမောင်"
ဘုရားကေန အမောင်ထက်ကြိုရောက်နေပြီး ဧည့်ခန်းထဲမှာထိုင်စောင့်နေတဲ့ မမ နှင့် မမ ဘေးမှာငြိမ်ငြိမ်လေးထိုင်ပြီး သူ့ကို မျက်ဝန်းစိမ်းလေးများ ဝိုင်းစပ်ကားကြည့်နေတဲ့ အကောင်ပေါက်လေးကိုတစ်ချက်စိုက်ကြည့်ပြီး မမရဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်သည်။
"ငါတို့က နင့်ကိုမချုပ်ချယ်ချင်ဘူး အမောင် နင့်ပါနင် ရည်းစားကိုအပျော်ထားချင်ထားခွင့်ရှိတယ် အေး ဒါပေမဲ့ တစ်ဖက်မိန်းကလေးကိုတော့မနစ်နာစေနဲ့ပေါ့ ပြီးတော့ နင်နဲ့ခုနကတွေ့ခဲ့တဲ့မိန်းကလေးကို အတည်ပဲတွဲတွဲ အေပ်္ပာဲတြဲတြဲ ချက်ချင်းဖြတ် ငါသဘောမကျဘူး ငါဒါပဲပြောမယ် ရသော်အမောင်"
မမကိုတော့ ဒယ်ဒီပြီးရင် ဒီအိမ်မှာအကြောက်ရဆုံးပင်ဖြစ်သည်။ဒါကြောင့် အမောင်က မမဟိတ်ဆိုဟိတ် တိတ်ဆိုတိတ်ရသည် မတိတ်လို့လည်းမရ မတိတ်ရင် မမက လနဲ့ချီပြီး မုန့်ဖို့ဖြတ်တက်သည့်အတွက်ကြောင့် အမောင်ကြောက်ရပါသည်။မမနဲ့ဘုရားမှာတွေ့ခဲ့သည့် စင်ဒီဆိုသည်မှာလည်း သူ့၏အကြူဇယားထဲမှ တစ်ယောက်သာဖြစ်သည့်အတွက်ကြောင့် ဖြတ်လိုက်လျှင်လည်းပြဿနာမရှိလှပါ။
"ငါပြောတာကြားတယ်နော် အမောင်"
"ဟုတ် မမ"
အမောင်ကို ပြောပြီးတာနဲ့ ဧည့်ခန်းထဲမှထွက်သွားတဲ့ မမ။ ဧည့်ခန်းထဲတွင် အမောင်နဲ့ အကောင်ပေါက်သာကျန်နေခဲ့တော့သည်။ဆူခံထားရလို့ ညစ်နေသည့် အမောင်တစ်ယောက်က မျက်စိရှေ့က အကောင်ပေါက်ကိုကြည့်၍ ဘာများပြဿနာရှာစရာ ရွိမလဲ ခေါင်းအစခြေအဆုံးကြည့်လိုက်သည် နေအုံး နေအုံး ဒီပုဆိုးကိုငါမြင်ဖူးသလိုပဲ စဉ်းစားလို့မရတော့ဘူး ထားတော့။အမောင်ကသာ ထိုအကောင်ပေါက်ကိုကြည့်နေတာ ထိုအကောင်ပေါက်ကမူ သူ့ကိုရှေ့မှာထားပြီးရှိတယ်ဟုတောင် မထင်ပဲ သူ၏ဘယ်ဘက်လက်တွင် ဝတ်ထားသည့် ကျောက်လက်ကောက်လေး နှစ်ကွင်းကို ခွဲကြည့်လိုက် ပူးကြည့်လိုက်လုပ်နေသည်ကို အမြင်မကြည်စွာကြည့်၍
YOU ARE READING
ဤနွေမှစ၍နွေဦးကိုချစ်ခဲ့ရသည်(ဤနွမှေစနွဦေးကိုချစ်ခဲ့ရသည်)
Romanceရေသော်အမောင်+နွေဦးကြွေ နွေမှာတွေ့ပြီးချစ်ခဲ့ရတဲ့ကောင်လေးနာမည်ကနွေဦးတဲ့ ရသော်အမောင်+နွဦေးကြွေ နွမှောတွေ့ပြီးချစ်ခဲ့ရတဲ့ကောင်လေးနာမည်ကနွဦေးတဲ့