Part- (20)(Unicode)

226 19 2
                                    

နွေဦးခြံထဲက အပင်တွေကိုရေလောင်းရင်းနှင့်ပင် တစ်ခုခုကိုစိတ်အလိုမကျဖြစ်နေသည်။စိတ်အလိုမကျဖြစ်နေရသည်မှာ မနက်စာစားသည့်အချိန်ကတည်းကပင်ဖြစ်သည်။

ကိုကို့ကို နွေဦးနိုးကတည်းက အရိပ်အယောင်ပင်ရှာမတွေ့ပါ။အန်တီကိုမေးတော့လည်း အပြင်ထွက်သွားသည်သာဟုပြောသည်။ကိုကိုသည်အရင်က ဘယ်သွားမည် ဘယ်လာမည်ဟုပြောပြနေကျပင်ဖြစ်​ ဒီနေ့မှာတော့ ဘာမှမပြောထားခဲ့ပေ။

တင်းတောင် တင်းတောင်...

​ခြံရှေ့ကဘဲလ်သံကြောင့် ကိုကိုလားဟုစိတ်ထင်​ဖြစ် နွေဦးလန့်ကာ ရေပိုက်ကိုပစ်ချမိသွားသည်။ အိမ်ထဲကိုကြည့်တော့ ညိုသည် အလောတကြီးပြေးထွက်လာသောကြောင့်

"နေနေ ညို သားသွားဖွင့်ပေးလိုက်မယ်"

နွေဦးထိုသို့ပြောလိုက်တော့ မိညိုသည်ခေါင်းညိတ်ပြ၍အိမ်ထဲကိုပြန်ဝင်သွားသည်။နွေဦးလဲ ရေပိုက်ကိုဘေးတစ်ချက်ကပ်ခဲ့ပြီး ခြံတံခါးရှိရာသို့လျှောက်လာခဲ့ပြီး ခြံပင်သို့ခေါင်းထွက်ကာကြည့်လိုက်တော့ အသက် 40ကျော် အန်တီကြီးတစ်ယောက်က ကားပေါ်မှဆင်းလာတာကြောင့်

"ဘယ်သူနဲ့တွေ့ချင်လို့လဲဗျ"

ထိုအန်တီကြီးသည် မည်သည့်စကားမှမဆိုပဲ နွေဦးကိုသာပြုံးပြီးကြည့်နေသောကြောင့် နွေဦးကပဲထပ်ပြီး

"ခဏစောင့်ပေးပါဗျ သားခြံတံခါးဖွင့်ပေးပါမယ်ဗျ"

ထိုထိတိုင် ထိုအန်တီကြီးသည်မည်သည့်စကားမှမဆိုသေးသောကြောင့် နွေဦးလည်း ခြံတံခါးကိုအပြည့်အဝဖွင့်ပေးလိုက်တော့ ထိုကားဖြူလေးသည် ခြံထဲသို့ ဝင်လာသည်။ထိုအန်တီကြီးကတော့ နွေဦးရပ်နေသည့်နေရာကိုလာ၍ နွေဦးလက်တစ်ဖက်ကိုဆွဲကာ

"သားက နွေဦးကြွေဆိုတဲ့ ကလေးလား"

"ဗျာ"

ထိုအန်တီကြီးသည်နွေဦး၏ဆံပင်ကောက်ကောက်လေးများကိုဖွကာ နွေဦး၏သွေးကြောများရှက်ဖြာနေသည့် ပါးလေးနှစ်ဖက်ကို ဆွဲညစ်၍

"အမလေး မားမား သားလေးကအရွေးတော်လိုက်တာ မျက်ဝန်းစိမ်းလေးနဲ့တော့ ဟော...နှာတံလေးဘေးမှာ မှဲ့နက်လေးကရှိသေးတယ်။ ချစ်ဖို့ကောင်းလွန်းလို့ ဘယ်လိုတင်စားရမလဲတောင် မားမသိတော့ဘူး ကလေးရယ်"

ဤနွေမှစ၍နွေဦးကိုချစ်ခဲ့ရသည်(ဤနွမှေစနွဦေးကိုချစ်ခဲ့ရသည်)Where stories live. Discover now