Part-(37) (Unicode)

68 9 4
                                    

နွေဦး၏မှိတ်ထားသော မျက်ဝန်းအစုံသည် ဖျက်ခနဲပွင့်လာကာ ထပြေးသည့်အချိန် ကုတင်ပေါ်ခေါင်း‌မှောက်ကာ အိပ်ပျော်နေသည့် အမောင်သည်ပါ အလန့်တကြားနိုးလာသည်။

"လန်လန် လန်လန်...ဘာဖြစ်လို့လဲ ကိုယ့်ကိုပြော ဘာလိုချင်လို့လဲ"

အမောင့်အသံကြားမှ အခန်းထဲပတ်ပြေးနေသည့် နွေဦးသည် ငြိမ်သွားကာ အမောင်ရှိရာသို့လျှောက်လာပြီး

"Toi.. Toilet ဘယ်မှာလဲ"

"..."

နွေဦး၏မျက်နှာသည်နီရဲလို့နေပြီး မျက်ဝန်းတွေသည်လည်း မျက်ရည်များဝဲကာ မျက်စံစိမ်းစိမ်းမှအပ နီရဲလို့နေသောကြောင့် အမောင်ပင်လန့်သွားရသည်။

"ကိုကို သားမေးနေတယ်လေ"

"ဟို... မှာ"

အ‌မောင်Toiletရှိရာသို့ လက်ညှိုးထိုးကာ ညွှန်ပြလိုက်သည်နှင့် နွေဦးသည် လစ်ခနဲ Toilet ထဲသို့ပြေးဝင်သွားသောကြောင့် အမောင် ကုတင်ပေါ်တွင်သာထိုင်စောင့်နေပါသော်လည်း နွေဦးသည် Toilet ထဲမှာ 15မိနစ်လည်းမထွက်လာ၊နာရီဝက်လည်းထွက်မလာသောကြောင့် အမောင် Toilet ထဲဝင်ကြည့်တော့ နွေဦး ရှိမနေသောကြောင့် အမောင်လှုပ်လှုပ်ရှားရှားဖြစ်ရပြန်သည်။ Bathroom ထဲမှ ရေကျသံကြားနေရသောကြောင့် Bathroom ထဲသို့ အပြေးသွားရပြန်သည်။Bathroom၏ ရေပန်းအောက်မှနွေဦးကြောင့် အမောင့်မှအပြေးသွားဆွဲရပြန်သည်။

"ကြွေ ကြွေ မလုပ်ရဘူးလေ တစ်ကိုယ်လုံးနီရဲနေပြီ ကိုယ့်စကားနားထောင်ပါအုံး ကလေးရယ်"

"ဒီအရာတွေမရှိချင်ဘူး ရွံ့တယ် ရွံ့လွန်းလို့ သေပစ်လိုက်ချင်တယ် "

နောက်ဆုံးတွင် အဖျားခက်တိမ်ဝင်သွားသည့် ထိုကလေးအသံကြောင့် အမောင်စိတ်မကောင်းဖြစ်ရပြန်သည်။ညက ရှိန်းအက္ခထူးပေးခဲ့သည့် လည်ပင်းတစ်ဝိုက်မှာ အမှတ်အသားများကို ဝတ်ထားသည့် အင်္ကျီအားချွတ်ပြီး ရေပန်းအောက်တွင်ထိုင်ကာ ရေဖြင့်မည်မျှပင်အကြမ်းပတမ်းပွတ်တိုက်ထားသည်ကိုပင်မသိ လည်ပင်းတစ်ဝိုက်နှင့်ရင်ဘက်များသည်ပင် သွေးရောင်လွှမ်းနေပြီဖြစ်သည်။ထိုကလေးသည် အမောင့်ကိုပြောနေရင်းဖြစ်ပင် အကြမ်းပတမ်းထပ်ပွတ်ပြန်သောကြောင့်အမောင်ပါ ရေပန်းအောက်ဝင်ကာ နွေဦးမလှုပ်နိုင်တော့အောင် ဖက်ထားလိုက်သည်။

ဤနွေမှစ၍နွေဦးကိုချစ်ခဲ့ရသည်(ဤနွမှေစနွဦေးကိုချစ်ခဲ့ရသည်)Where stories live. Discover now