Part-(14) (Unicode)

275 13 0
                                    

နွေဦး Tioletရှေ့မှာပဲ စိတ်ညစ်ညစ်ဖြစ်ငုတ်တုတ်ထိုင်ချလိုက်သည်။

"ချာတိတ် အဆင်ပြေရဲ့လား"

"ဗျာ..."

"ချာတိတ်ကိုကြည့်ရတာ လမ်းပျောက်နေတဲ့ ကလေးနဲ့တူတယ်"

"ဟင်"

နွေဦးငုတ်တုတ်ထိုင်နေရာကနေ မတ်တပ်ထရပ်လိုက်သည်။နွေဦး သူ့ရှေ့က အနောက်တိုင်းဝတ်ဆုံနဲ့လူကိုခေါင်းစခြေဆုံးကြည့်လိုက်သည်။ထိုလူကြီးသည် အရပ်အတော်ရှည်သည် ကိုကို့ထပ်တောင်ရှည်သည်။စူးရှလှသည့်မျက်ဝန်းများဖြင့် နွေဦးရဲ့မျက်နှာကို စေ့စေ့ကြည့်နေသည်မှာ နွေဦး ကြက်သီးမွှေးညင်းများပင်ထနေပြီဖြစ်သည်။ဆံပင်များကိုဘေးခွဲထားသည်။နှာတံချွန်ချွန်နှင့် နှုတ်ခမ်းတို့မှာလည်း ပိရိတည်းတင်းနေသည်။အသားအရည်မှာလည်း ဖြူလွန်း၍အနီအစုတ်စုတ်တွေပင်ဖြစ်သည့် ထိုလူကြီးသည် နိုင်ငံခြားသားတစ်ယောက်နှင့်ပင်တူလွန်းသည်။

"ကိုယ့် ကို ကိုယ်ပဲ မိတ်ဆက်လိုက်တော့မယ် ကိုယ့်နာမည်သူရိန်ထက်မြတ်ပါ ဒီက"

"သားးမဟုတ် ကျွန်တော့် နာမည် နွေဦးကြွေပါ"

"မင်္ဂလာဆောင်လာတာမဟုတ်လား လာ ခမ်းမထဲကိုကိုယ်နဲ့ တူတူပြန်ကြ
မယ်"

"ဟင် ဟုတ်"

သူရိန်ထက်မြတ် သူ့ရှေ့က သေးသေးကွေးကွေးလေးကိုကြည့်ပြီး ဖြစ်ညစ်ချင်မိသည်။ထိုသေးသေးလေးသည် ပုဆိုးဝတ်ထားသည်မှာ သုံးနှစ်သားလေးနှင့်တူလွန်းသည်။မျက်ဝန်းစိမ်းစိမ်းလေးများ၊ဆံပင်ကောက်ကောက်လေးများနှင့်ထိုကောင်လေးသည် ဝှက်ထားချင်စရာကောင်းအောင် ချစ်ဖို့ကောင်းသည်။

"အကို ကျွန်တော်တို့သွားကြမယ်လေ"

သူရိန်ထက်မြတ် အနှီးအသေးလေးကိုခေါင်းညိတ်ပြပြီး ရှေ့ကဦးဆောင်ပြီးလျှောက်လာတော့ အသေးလေးသည်လည်း သူ့နောက်ကနေ တရွေ့ရွေ့လိုက်လာသည်။

"လန်လန်"

"ကိုကို"

အသေးလေးသည် ​သူရိန်ထက်မြတ်
နောက်ကနေ ပြေးထွက်သွားပြီး သူ့တို့ရှိရာသို့လျှောက်လာသည့် ကောင်လေး သုံးယောက်ရှိရာသို့လှစ်ခနဲ့ပြေးသွားသည်။

ဤနွေမှစ၍နွေဦးကိုချစ်ခဲ့ရသည်(ဤနွမှေစနွဦေးကိုချစ်ခဲ့ရသည်)Where stories live. Discover now