ရင်းနှီးသလိုရှိသည့် ခြံဝန်းကျယ်ကြီးထဲသို့ နွဦေး စီးလာသည့် Boby မြင့်ကားလေးကမောင်းဝင်လာသည်။ထိုနောက် 3ထပ်တိုက်ကြီး၏ ပေါ်တီစင်အောက်တွင် ကားကထိုးရပ်လိုက်သည်နှင့်တစ်ပြိုင်နက် နွဦေးဘက်မှာတံခါးကချက်ချင်းဆိုသလိုပွင့်လာသောကြောင့် တံခါးလာဖွင့်သူကို နွဦေးက မော့ကြည့်လိုက်သည်နှင့် သူ့ကိုပြုံး၍ကြည့်နေသော အနောက်တိုင်းဆန်သည့် မျက်နှာပေါက်နှင့်ထိုလူကြီးကိုတွေ့သည်နှင့်
"ဟင် ခင်ဗျား ကိုသူရိန်ထက်မြတ်"
ချာတိတ်က သူ့ကိုတွေ့သည်ကို အံ့သြသွားပြီး ဖခင်ဖြစ်သူကိုခဏတာလှည့်ကြည့်ပြီး သူ့ကိုလည်း မျက်ဝန်းစိမ်းဝိုင်းဝိုင်းလေးများဖြင့်
ပြူးကျယ်ကာကြည့်နေသည်။"ချာတိတ်က ကိုယ့်ကိုမှတ်မိနေသေးတာပဲ ကိုယ်ကမမှတ်မိတော့ဘူးတောင်ထင်နေတာဒါနဲ့ ကားပေါ်ကမဆင်းပဲနေတော့မှာလား"
ထိုအခါမှချာတိတ်က မျက်တောင်စင်းစင်းလေးများကိုပုတ်ခက် ပုတ်ခက်လုပ်ကာ
"အာ...ဆင်းးး ဆင်းမှာဗျ ဖေဖေနဲ့ ကိုသူရိန်ထက်မြတ်ကဘယ်လို..."
နွဦေးက ကားပေါ်ကနေ ဆင်းရင် သူရိန်ထက်မြတ်ကိုမေးသည့်အမေးစကားပင်မဆုံးသေး
"ပြောစရာရှိတာကို အထဲရောက်မှ ပြောရအောင်"
"ဗျာ..."
"လာ ချာတိတ် အိမ်ထဲဝင်"
နွဦေးက အိမ်ထဲအရင်ဝင်သွားသည့် ဦးဝဏ္ဏကျော်ကို တစ်လှည့် သူ့ကိုအိမ်ထဲဝင်ရန် စောင့်ခေါ်နေသည့် သူရိန်ထက်မြတ်ကိုတစ်လှည့် ကြည့်နေပြီး ဘာမှနားမလည်နိုင်တော့သည့်ပုံစံလေးလိုဖြစ်နေသောကြောင့် သူရိန်ထက်မြတ် နှုတ်ခမ်းထပ်ဝယ် အနည်းငယ်အပေါ်သို့ကော့တက်သွားသည်။
ဧည့်ခန်းထဲရောက်တော့ ဦးဝဏ္ဏကျော်ကပင်ရောက်နှင့်နေပြီဖြစ်သည်။အဖြူနှင့်အမဲသာ သုံးထားသည့်ပြောင်လတ်နေပြီး စနစ်ကျစွာ အိမ်တွင်းပစ္စည်းများကိုထား ထားသည့်ခမ်းနားလှသည့်ထိုအိမ်ကြီးက အမောင်တို့အိမ်မှာနေတုံးကနှင့်မတူစွာ နွဦေးကိုများစွာသိမ်ငယ်စေသည်။
YOU ARE READING
ဤနွေမှစ၍နွေဦးကိုချစ်ခဲ့ရသည်(ဤနွမှေစနွဦေးကိုချစ်ခဲ့ရသည်)
Romanceရေသော်အမောင်+နွေဦးကြွေ နွေမှာတွေ့ပြီးချစ်ခဲ့ရတဲ့ကောင်လေးနာမည်ကနွေဦးတဲ့ ရသော်အမောင်+နွဦေးကြွေ နွမှောတွေ့ပြီးချစ်ခဲ့ရတဲ့ကောင်လေးနာမည်ကနွဦေးတဲ့