Part-(10)(Unicode)

347 17 1
                                    

"ရှိန်းအက္ခထူး"

"ဟင် ဘာကြီးလဲ ကိုကို"

သူဘာပြောလိုက်မှန်းမသိလို့ ပြန်မေးသည့် ထိုကလေးကိုလည်း သူစိတ်မရှည်တော့

"လာ လိုက်ခဲ့"

ထိုကလေးကို လက်ကောက်ဝတ်ကနေဆွဲခေါ်တော့လည်း တရွက်တိုက်ပါလာပြန်သည့်ကောင်လေးကြောင့် ခြေလှမ်းကျဲကိုများကို အရှိန်လျှော့လိုက်ရသည်။ သူ့ရဲ့ခြေလှမ်းတွေကတော့ ခြံရှေ့သို့ဦးတည်လှမ်းလိုက်သည်။

"ဟိုလူ"

ခြံရှေ့ရောက်တော့ ထိုကလေးက ဟိုကောင်ကိုမြင်သွားသည့်အတွက် အံ့သြတကြီးထွက်လာသည့် အသံပိစိလေး။အမောင်ခြေလှမ်းတွေကိုရပ်လိုက်တော့ ထိုကလေးဟာ သူ့ရဲ့ကျောပြင်နောက်၌ကွယ်ပြီးရပ်နေသည်။

"ဘာကိစ္စရှိလို့ အိမ်က ကလေးအခန်းကို ခဲနဲ့လှမ်းပစ်နေတာလဲ ရှိန်းအက္ခထူး"

ရှိန်းအက္ခထူးက အမောင့်က်ို မထီကြည့် ကြည့်၍ နှုတ်ခမ်းတစ်ဖက်သာပြုံးပြပြီး အမောင့်နောက်မှာ ကွယ်ရပ်နေသည့် နွေဦး ထံသို့အကြည့်ပို့လိုက်သည်။

"နွေဦး ကိုယ် မင်းကိုသဘောကျတယ်"

"ကျွန်တော်... ''

"ငါ ိုးမသား ဘယ်မှာလာပြီး သဘောကျကြောင်းပြောနေတာလဲ"

နွေဦးစကားမဆုံးသေးခင် ဒေါသတကြီးနဲ့ထအော်လိုက်တဲ့ အမောင်ကြောင့် နွေဦးပင် လန့်သွားရသည်။ထိုအပြင် အမောင်က နွေဦးကို သူ့နောက်ကျောဘက်သို့ ရှိန်းအက္ခထူးမမြင်နိုင်အောင်တွန်းပို့နေသေးသည်။

"ကျွန်တော် ခင်ဗျားကို သဘောကျကြောင်းပြောနေတာမဟုတ်ပါဘူး ခင်ဗျားအိမ်က ကလေးနွေဦးကြွေကို သဘောကျတယ်ပြောနေတာ ခင်ဗျားနဲ့ မဆိုင်ဘူး ထင်တယ် ဝေးဝေးနေပေး"

"မင်းတော်တော်ရီရတဲ့ကောင်ပဲ ဒီချိန်မှာ နွေဦးကြွေရဲ အုပ်ထိန်းသူက ငါတို့ပဲလေ အုပ်ထိန်းသူရဲ့ရှေ့မှာ မင်းကဒီစကားကိုပြောတယ်ဆိုတော့ မင်းကို မင်းမိဘတွေက လေးစားမှုဆိုတာနဲ့ရိုသေမှုဆိုတာ စကားရဲ့အဓိပ္ပါယ်ကိုမပြောပြထားဘူးလား အခုတော့မလိုအပ်ပဲ အပိုစကားတွေပြောနေရပြီ"

ဤနွေမှစ၍နွေဦးကိုချစ်ခဲ့ရသည်(ဤနွမှေစနွဦေးကိုချစ်ခဲ့ရသည်)Where stories live. Discover now