Part-2

3.9K 264 2
                                    

Unicode

နားထဲသို့ ၀င်ရောက်လာသော တရှုံ့ရှုံ့ငိုသံကြောင့် ဦးဟန် အိပ်နေရာမှ နိုးလာရသည်။

မျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရသည်က ကုတင်ခြေရင်းတွင် ရပ်နေသော ဆံပင်အလိပ်လေးတွေနှင့် ကောင်ငယ်လေး

ထုံးစံအတိုင်း ငိုထားပြန်သောကြောင့် နှာထိပ်ကလေးက နီနေပြန်သည်။
ဘာရုပ်လေးလဲကွာ

"အေးစေ...ဘာလို့ မနက်စောစောစီးစီး ငိုနေပြန်တာလဲ...မျက်ရည်ပေါနေလို့လား"

"သား...သားဆံပင်တွေ"

"အင်း...အေးစေရဲ့ ဆံပင်တွေ ဘာဖြစ်လဲ"

"ကောက်...ကောက်ကုန်ပြီ"

"ဟား"

"ဦးဟန် ဘာလို့‌...ရယ်...ရယ်တာလဲ...မရယ်နဲ့"

"မရယ်ပါဘူး...အဟင်း"

"ရယ်တယ်"

"သား...ဦးဟန်ကို မခေါ်ဘူး"

ပြောကာ ရေချိုးခန်းထဲ ပြေး၀င်သွားသော ကောင်လေးကြောင့် ဦးဟန် အပြုံးမရပ်တော့

မနက်စောစော ဆည်းလည်းလေးနှင့် နိုးထရပြန်ပြီ...

**********

အေးစေ ရေချိုးခန်းထဲရှိ မှန်ကိုကြည့်ရင်း အငိုမရပ်တော့...

တွေးလေလေ ၀မ်းနည်းလေပါပဲ
အေးစေရဲ့ ဆံပင်က ခပ်ပွပွ ခပ်ဖွာဖွာဖြစ်တာကြောင့် ဆံပင်ရှည်တုန်းက ဆံပင်၀ိတ်နှင့် ဖြောင့်သယောင် ထင်ရသော်လည်း မနေ့က ဦးဟန်ညှပ်လိုက်တော့ တိုသွားပြီး ညအိပ်လိုက်တော့ ဖိမိကာ လန်ပြီး ကောက်ကုန်သည်။

အခုတော့ အေးစေ ဆံပင်တွေက လန်ပြီး ကောက်ကွေးကွေး...

တကယ်တော့ မနေ့က အမှတ်စာရင်း မပြောမိတာက အေးစေ အမှားမဟုတ်...

အေးစေက နဂိုကတည်းက ဦးနှောက် အရမ်းကောင်းသည်။

သို့ပေမယ့် အေးစေမှာ အကျင့်တစ်ခုရှိသည်။
စာကြည့်ရင်း အိပ်မငိုက်ချင်ပေမယ့် အေးစေအတွက်တော့ ပုံနှိပ်စာလုံးဖြစ်ဖြစ်၊ အေးစေရဲ့ လက်ရေးစာလုံးဖြစ်ဖြစ် စာလုံးတွေက အိပ်ဆေးလုံးတွေအလားပင်...

ကိုယ့်ရဲ့ ရင်မှာ အေးစေ (Completed)Donde viven las historias. Descúbrelo ahora