Part-22

1.6K 140 8
                                    

Unicode

"နောက်ကို ခြေထောက်ဆောင့်ဦးမလား"

ဦးဟန် အေးစေရဲ့ တင်လုံးလုံးကလေးကို လေး၊ ငါး၊ ခြောက်ချက်ရိုက်လိုက်ပြီးနောက်‌ မေးလိုက်သည်။

သို့ပေမယ့် အရိုက်ခံရသူဆီမှ အသံတစ်ချက်ထွက်မလာ...

ဦးဟန် ဒီတစ်ခေါက်တော့ ‌အေးစေရဲ့ ပေတေမှုကို လိုက်မမီတော့ဘူး ထင်ပါသည်။

ဘယ်တုန်းက ဒီလောက်တောင် ပေတေပြီး ဂျစ်တစ်တတ်သွားပါလိမ့်...

နောက်ဆုံးမှာတော့ ဦးဟန်ကပဲ အရှုံးပေးကာ ငဂျစ်ကလေး အေးစေကို ရိုက်နေခြင်းကို ရပ်လိုက်ရပါတော့သည်။

"အေးစေ ကိုယ့်ကိုကြည့်"

ဦးဟန် ပြောနေသော်လည်း အေးစေတို့က မျက်နှာလေးတစ်ချက်ပင် မမော့လာခဲ့ပါ။

ဦးဟန်ကိုယ်တိုင် အေးစေရဲ့ မေးစေ့ကလေးကို လက်ဖြင့် ပင့်ကာမော့စေတော့ မျက်နှာနီနီကလေးကို တွေ့ရသည်။

"ဟမ် အေးစေ နောက်လုပ်ဦးမှာလား"

"လုပ်မှာ"

အခုထိကို လုပ်မည်ပြောနေသော အေးစေကြောင့် ဦးဟန် အနည်းငယ်တော့ စိတ်ဆိုးလာပါသည်။

ဘာလို့ ဒီလောက်တောင် ပြောမကောင်း၊ ဆိုမကောင်းလေး ဖြစ်သွားရတာလဲ။

"အေးစေငြိမ်း သွား အခု ခြံထဲ...အဲ့တစ်ခြံလုံးက အရွက်ခြောက်တွေ လိုက်ကောက်၊ မလိုအပ်တဲ့ မြက်တွေ အပင်တွေအကုန် လိုက်နုတ်...ကိုယ့်အမှားကိုယ် မသိမချင်း မပြင်မချင်း အိမ်ထဲ ပြန်မ၀င်ရဘူး"

စကားတစ်ခွန်းမှ မပြောဘဲ ခြံထဲသို့ ထွက်သွားသည့် အေးစေကြောင့် ဦးဟန် အလျှော့ပေးဖို့ မစဥ်းစားမိတော့...

နေပါစေဦး...
ဒီအေးစေကို မှတ်လောက်သားလောက်ဖြစ်အောင် ဦးဟန် ထားလိုက်ပါဦးမည်။

**********

ခြံ၀န်းကျယ်ကြီးအတွင်းမှ ပန်းပင်စိုက်ထားသည့် အိုးများအနီးတွင် ငုတ်တုတ်ကလေးထိုင်နေသော ကောင်လေးတစ်ယောက်...

တစ်ချက်တစ်ချက်လည်း ခန္ဓာကိုယ်ကလေးက တုန်, တုန်သွားသေးသည်။

ကိုယ့်ရဲ့ ရင်မှာ အေးစေ (Completed)Donde viven las historias. Descúbrelo ahora