Part-32

1.6K 121 2
                                    

ဦးဟန် ကားမောင်းနေရင်း တစ်ဖက်တွင် ငြိမ်ငြိမ်ကလေးပါလာသည့် အေးစေကို ကြည့်လိုက်သည်။

အစောကလိုမျိုး နောက်မလုပ်ဖို့ ကလေးတွေလို ရိုက်ပြီးဆုံးမရအောင်လည်း အေးစေက ကလေးဟုတ်မနေတာ ခက်သည်။

ပြောရရင် အစောက ဦးဟန် ကားနားကအဖြစ်အပျက်ကို မြင်လိုက်ရတုန်းက အတော်လေးကို အေးစေအတွက် စိုးရိမ်သွားတာဖြစ်သည်။

ဦးဟန်အနေနှင့် အေးစေနဲ့လက်ထပ်ထားတဲ့ အကြောင်းတွေကို မမှတ်မိသေးပေမယ့် ငယ်ငယ်လေးကတည်းက သိကျွမ်းနှင့်ပြီးသား ဖြစ်တာကြောင့် ဒီကလေးအပေါ် သံယောစဥ်ကလည်း ရှိနေပြီးသား ဖြစ်သည်။

ဦးဟန်ပြောနေသမျှက ကောင်းစေချင်လို့ချည်းပဲဆိုတာကို ဒီအေးစေသိအောင် ဘယ်လိုပြောရပါ့မလဲ။

"အေးစေ"

"..."

"အစောကလိုမျိုး ဘာလို့ ဘေးဘီမကြည့်လုပ်ရတာလဲ...တကယ်လို့ ကိုယ်သာ လှမ်းမဆွဲရင် အေးစေကို တိုက်သွားမှာ"

"..."

"ကိုယ် အစောက အများကြီး စိတ်ပူသွားတာ အေးစေ...မင်းသာ တစ်ခုခုဖြစ်သွားခဲ့ရင် ကိုယ်တကယ် အဆင်ပြေတော့မှာ မဟုတ်ဘူး"

"..."

ဦးဟန် ပြောရင်းနှင့် စကားပြန်မရတာကြောင့်  နောက်ထပ်တစ်ခေါက် ဘေးတွင်ထိုင်နေသော အေးစေကို ထပ်ကာကြည့်လိုက်သည်။

ဦးဟန်ကြည့်လိုက်တော့ အေးစေက ကားထိုင်ခုံကိုမှီကာ အိပ်နေလျက်သားလေးရှိနေသည်။

ဒီနေ့ ငိုလိုက်ရ၊ ဦးဟန်ကို အော်လိုက်ရနှင့် အေးစေတို့ ပင်ပန်းသွားသည် ထင်ပါရဲ့။

ခေါင်းစောင်းပြီး ထိုင်လျက်သား အိပ်နေတာ ဇက်တွေ နာတော့မှာပဲ။

လမ်းတွင် ကားပိတ်တာနှင့် အိမ်သို့ရောက်ဖို့ အတန်ငယ် လှမ်းသေးတာကြောင့် အေးစေ အိပ်ရတာ အဆင်မပြေမှာစိုး၍ ကားကိုခဏရပ်ကာ အိပ်သည့်ပုံစံကို ပြင်ပေးရန်ပြုလိုက်သည်။

ခေါင်းကလေးက ဦးဟန်ထိုင်နေရာဘက်သို့ စောင်းနေတာကြောင့် ပါးကလေးတစ်ဖက်က ပိနေကာ ခပ်ဖောင်းဖောင်းလေးဖြစ်နေသည်။

ကိုယ့်ရဲ့ ရင်မှာ အေးစေ (Completed)Where stories live. Discover now