Part-6

2.5K 172 10
                                    

Unicode

အေးစေ ဒီနေ့ ကျောင်းသွားစရာမလိုသည့် ပိတ်ရက်ဖြစ်သော်လည်း အစောကြီး နိုးနေပါသည်။

အရင်ကဆို တနင်္လာနေ့ကနေစကာ သောကြာနေ့အထိက အိပ်ရာ အစောကြီးထပြီး ကျောင်းသွားရတာကြောင့် ဒီလိုမျိုး စနေ၊ တနင်္ဂနွေပိတ်ရက်တွေဆို အေးစေအကြာကြီး အိပ်လေ့ရှိသည်။

သို့သော်လည်း ဒီနေ့မှ အေးစေက မနက် ၃ နာရီခွဲလောက်ကတည်းက နိုးနေပြီး ပြန်အိပ်၍လည်း မရတော့တာကြောင့် ဘေးရှိအိပ်နေသူ ဦးဟန်၏မျက်နှာချောချောကို ငေးမိသည်။

ကိုကြီးဟု အေးစေအမြဲခေါ်ခဲ့သည့် ဦးဟန်နှင့် ဒီလိုမျိုး အတူနေရလိမ့်မည်ဟု အေးစေလုံး၀မတွေးခဲ့ဖူးပါ။

အေးစေ ငယ်ငယ်လေးကတည်းက ဦးဟန်က အရမ်းတော်ခဲ့မှန်း အေးစေသိပါသည်။

ထို့ကြောင့်လည်း အေးစေရဲ့ မေမေနဲ့ဖေေဖေ
တို့ကလည်း အရာရာ တော်နေ၊ ထက်မြတ်နေသည့် ဦးဟန်နှင့်ဆို အေးစေပါ တော်သွားမည်ဟု ထင်ပြီး ငယ်ငယ်တုန်းကဆို ဦးဟန်ဆီ အေးစေသွားချင်တိုင်း အမြဲ လိုက်ပို့ပေးလေ့ရှိသည်။

ဦးဟန်တော့မသိ...
ငယ်ငယ်ကဆို အေးစေက ဦးဟန်ဆီသွားပြီး ဦးဟန်လုပ်သမျှ လိုက်ငေးရတာ၊ ဦးဟန် လုပ်နေသည့် အေးစေမသိသည့် အရာမှန်သမျှကို လိုက်လုပ်ရတာကို သဘောအရမ်းကျပါသည်။

ထို့ကြောင့်လည်း တစ်ခါတစ်ရံ ဦးဟန်ထံမှ အငေါက်ခံရတတ်သေးသည်။

ဦးဟန်က ထိုသို့ ငေါက်တတ်ပေမယ့် ငယ်ငယ်ကတည်းက အေးစေကို တော်တော်လေး အလိုလိုက်ခဲ့ပါသည်။

ဦးဟန်အကြောင်း တွေးနေရင်း အေးစေ‌၏ လက်တို့က ဦးဟန်၏ မျက်နှာထက်ဆီ ရွေ့လျားသွားသည်။

အမြဲ သေသေသပ်သပ်လှန်တင်ထားတတ်သည့် ဆံပင်တို့က အိပ်နေသောကြောင့် နဖူးထက်ဆီ အနည်းငယ် ၀ဲကျနေကာ ဦးဟန်က အရင်မြင်နေကျထက် ပိုပြီး နုငယ်ခန့်ညားနေသယောင်...

မျက်ခုံးထူထူအောက်ရှိ စေ့ပိတ်ထားသော မျက်လုံးအစုံမှာလည်း မျက်မှန်မတပ်ထားသောကြောင့် မျပ်ခွံတို့ကအစ အေးစေ အသေးစိတ် လိုက်ကြည့်နေမိသည်။

ကိုယ့်ရဲ့ ရင်မှာ အေးစေ (Completed)Место, где живут истории. Откройте их для себя