Part-10

2.3K 146 3
                                    

Unicode

"ဦးဟန်...သား နာ...နာတယ်"

အေးစေ ပုခုံးနှစ်ဖက်ကို ဦးဟန်ညှစ်ထားသောကြောင့် ရလာသော နာကြင်မှုဒဏ်ကို မခံနိုင်တော့သောကြောင့် ပြောမိသည်။

ဦးဟန်က ဘာလို့ငြင်းရတာလဲဟု မေးနေပေမယ့် အေးစေကိုယ်တိုင်ပင် ဘာကိုငြင်းမိမှန်းမသိတော့ပါ။

ဦးဟန် ဒေါသထွက်နေပုံကို မြင်ရရုံနဲ့တင် အေးစေကြောက်မိပါသည်။

"ဦးဟန်...သား ဘာ...ဘာငြင်းမိ...လို့လဲ"

"အဟင်း ဘာငြင်းမိလို့လဲ...ဟုတ်လား"

အေးစေ၏ အမေးကို နှုတ်ခမ်းတစ်ချက်တွန့်ရုံပြုံးကာ ပြန်မေးလာဟန်က အေးစေကို ပိုကာ ကြောက်ရွံ့လာစေသည်။

"အေးစေက အခုလေးတင်ကို မသိချင်ယောင် ဆောင်တယ်ပေါ့...ဟမ်"

"..."

ခပ်အေးအေးလေသံဖြင့် ဦးဟန်က မေးခွန်းထုတ်နေသော်လည်း ဒါကပုံမှန်အခြေအနေမဟုတ်မှန်း အေးစေသိပါသည်။

"ကိုယ့်ကို မင်းဘာလို့ အစောက ဖက်မယ်ဆိုတာကို ငြင်းတာလဲ"

"အဲ့တာ...အဲ့တာက...သား"

"ဘာလဲ...ပြောလေ"

"ဦး...ဦးဟန်...သ...သား"

"ဘာလဲ...ဘာလို့ စကားက ထစ်နေရတာလဲ...ဟမ်...ကိုယ် မင်းကို ဘာဆူရသေးလို့လဲ"

"မ...မဟုတ်ပါ...ဘူး"

အေးစေ ဦးဟန်ကို တကယ်ကို ဘာမှ မပြောရဲတော့ပါ...

အခုဖြစ်နေသော အခြေအနေမှာ ဦးဟန်က အေးစေကို အော်လည်း မအော်သလို၊ ဆူလည်း မဆူနေပါ။

ဆံပင်ညှပ်မည်ဟုလည်း မခြိမ်းခြောက်ဘဲ အေးစေကို ခပ်အေးအေး‌သာ ပြောနေပေမယ့် အရင်အခြေအနေတွေထက် ပိုကာ ကြောက်နေမိသည်။

ဦးဟန် ဆူတာ၊ အော်တာ၊ ငေါက်တာက အေးစေ လိမ္မာအောင် ခဏတာဆုံးမခြင်းဖြစ်သော်လည်း ဒီလို ခပ်အေးအေး မျက်နှာတည်ဖြင့် အခြေအနေမျိုးကို အေးစေတစ်ခါမှ မကြုံဖူးသေးပါ။

ကြောက်လျှင် စကားထစ်တတ်သည့် အေးစေရဲ့ အကျင့်ကြောင့် ဦးဟန်ကို ဖြေရှင်းချက်ပေးချင်ပေမယ့် မရနိုင်ဖြစ်နေပါသည်။

ကိုယ့်ရဲ့ ရင်မှာ အေးစေ (Completed)Donde viven las historias. Descúbrelo ahora