Unicode
ဦးဟန်ကုမ္ပဏီသို့ ထွက်သွားသည်နှင့် အေးစေလည်း မျက်နှာသစ်၊ သွားတိုက်၊ ရေချိုးသန့်စင်ကာ အိပ်ရာထက်သို့သာ ပြန်တက်လိုက်သည်။
ရေချိုးနေရင်း ဦးဟန်ကများ အေးစေကို လူကြားထဲ မခေါ်သွားချင်၍လား၊ အေးစေကိုများ မချစ်တော့တာလား၊ဒါမှမဟုတ် ရစ်တတ်တဲ့၊ စကားနားမထောင်တတ်တဲ့ အေးစေကိုများ ငြီးငွေ့သွားတာလား...
စသဖြင့် တွေးမိသည်။ဦးဟန်ကတော့ မခေါ်သွားရုံလေးပေမယ့် အေးစေမှာတော့ အတွေးများကာ စိတ်မကောင်းဖြစ်ရပါသည်။
အောက်ရှိ ထမင်းစားခန်းတွင် ဦးဟန်က အေးစေအတွက် မနက်စာကို အသင့်ပြင်ပေးထားခဲ့မယ်မှန်း သိပေမယ့် အေးစေ အိပ်ရာထက်သို့သာ ၀င်ခွေနေလိုက်တော့သည်။
လူက စိတ်မကောင်းဖြစ်လာသောကြောင့် အေးစေမှာ ဘာမှလည်း စားချင်စိတ်မရှိတော့ပါ...
တွေးလေလေ စိတ်မကောင်းဖြစ်မိလေမို့ အေးစေ ဒီအကြောင်းအရာကို မတွေးမိအောင် မျက်လုံးကို အသာမှိတ်ထားလိုက်သည်။
ထို့နောက်တွင်တော့ အေးစေ မျက်လုံးများက မှေးစဥ်းလာပြီး တစ်ဖန် အိပ်စက်ခြင်းဆီသို့ ဦးတည်လျက်...
တစ်ခဏအကြာတွင် Phone ringtone သံတစ်ခုက ကျယ်လောင်စွာ ပေါ်ထွက်လာပြီး အိပ်ပျော်နေသော ကောင်ငယ်လေးမှာ အိပ်ချင်မူးတူးအနေအထားနှင့် ဖုန်းကိုမကြည့်ဘဲ ချလိုက်သည်။
ထို့နောက်တွင်တော့ အိပ်ရာထက်ရှိကောင်လေးသည် ဘေးရှိဖက်လုံးကို အသာခွကာ ပြန်လည်အိပ်ပျော်သွားပါတော့သည်။
*********
ဦးဟန် အိမ်သို့ပြန်ရောက်တော့ ထင်သည့်အတိုင်း ခြံတံခါးက သူထွက်သွားစဥ်ကကဲ့သို့ပင် ပိတ်လျက်သား...
ရုံးသို့မခေါ်သွား၍ စိတ်ဆိုးစိတ်ကောက်နေလောက်မည့် အေးစေက မျက်နှာလေး ဆူပုပ်နေလိမ့်မည်ထင်သည်။
ဦးဟန်တို့ခြံတံခါးက remote နှင့် ထိန်းချုပ်ကာ ဖွင့်၍ရသော်လည်း ဦးဟန်က အိမ်သို့ပြန်ရောက်ရောက်ချင်း အမောပြေလေး အေးစေရဲ့ မျက်နှာလေးကို တွေ့ချင်တာရော၊ အေးစေကလည်း အမြဲတမ်း တံခါးလာဖွင့်ကာ ကြိုနေပါမည်ဟု ပြောထားခြင်းကြောင့်ရော ဦးဟန်အတွက်တော့ ဒါက အကျင့်လိုမျိုးဖြစ်နေသည်။
YOU ARE READING
ကိုယ့်ရဲ့ ရင်မှာ အေးစေ (Completed)
Romanceအေးစေနဲ့အတူတူ အေးအေးငြိမ့်ငြိမ့်လေး စီးမြောလိုက်ရအောင်ဗျာ...