Part-33

1.5K 105 3
                                    

Unicode

အခန်းတစ်ခန်းအတွင်းရှိ စာကြည့်စားပွဲရှေ့တွင် ကောင်ငယ်လေးတစ်ယောက်မှာ မျက်နှာကလေးဆူပုပ်ကာဖြင့် ထိုင်နေသည်။

စာမလုပ်ချင်တော့ကြောင်းကို ဘေးတွင်ထိုင်နေသူမြင်အောင်လို့ မသိမသာ နှုတ်ခမ်းဆူပြလိုက်၊ သမ်းပြလိုက် ကလည်း လုပ်နေသေးသည်။

ဟုတ်ပါသည်။

အေးစေ ဒီစာကြည့်စားပွဲရှေ့တွင် ထိုင်နေရသည်က တော်တော်လေး ကြာနေပြီဖြစ်သည်။

မနက်ခင်း နိုးလာကတည်းက ဦးဟန်က အေးစေ စာလုပ်ရမည်ဟုဆိုကာ စာကြည့်ခိုင်းသည်။

အေးစေမှာ ပျင်းနေပြီဖြစ်သော်လည်း ဦးဟန်ကို ကြောက်ရတာကြောင့် တစ်ချက်ပင် မလှုပ်ရဲ...

မနက်ခင်း စာစလုပ်ကတည်းက ဦးဟန်ကပါ အေးစေအနားတွင် ရှိနေပြီး ထိုင်စောင့်နေတာကြောင့် အေးစေမှာ လှုပ်ဖို့လည်း အခွင့်အရေးကမရ...

ဒီအခြေအနေကြီးကို ဘယ်လိုဖြတ်ကျော်ရမလဲတွေးရင်း အေးစေ ခေါင်းခြောက်နေရပါသည်။

ဦးဟန်က အေးစေနဲ့ အကြောင်းတွေကိုသာ မေ့သွားပေမယ့် စာနှင့် ပတ်သက်လျှင် တင်းကြပ်တတ်သည့် ပုံစံကတော့ မပြောင်းသွား...

အေးစေရဲ့ အရင်က အမှတ်စာရင်းတွေကိုကြည့်ကာ လေ့ကျင့်ဖို့ လိုသေးသည်ဟုဆိုပြီး အေးစေကို စာတွေ အများကြီး လုပ်ခိုင်းနေခြင်းပင်။

"ဦးဟန်"

"အေးစေ ရေသောက်ချင်တယ်"

"သောက်လေ ...ကိုယ် အဲ့မှာ ချထာပေးတယ်"

"ဟင့်အင်း...ဒါက ပူနေပြီ...သားက အေးတာသောက်ချင်တာ"

"ကိုယ်သွားယူပေးမယ်"

"ဟင့်အင်း ဦးဟန်က အကြီးကို...သားဟာသား သွားယူလိုက်မယ်"

"မရဘူး ထိုင်နေ...စာသေချာလုပ်"

အေးစေကို ပြောကာ နေရာမှထသွားသော ဦးဟန်ကြောင့် နှုတ်ခမ်းကို ပိုပြီး ဆူပစ်လိုက်သည်။

**********

ဦးဟန် ရေယူပေးရန် ထွက်လာရင်း နောက်တွင်ကျန်နေခဲ့သည့် အေးစေဖြစ်နေလောက်မည့် ပုံလေးကို တွေးမိပြန်တော့ ပြုံးမိပြန်သည်။

ကိုယ့်ရဲ့ ရင်မှာ အေးစေ (Completed)حيث تعيش القصص. اكتشف الآن